ဒီဇာတ်လမ်းလေးက တခြားမြင်နေကျဇာတ်လမ်းတွေလိုမျိုးပဲ ဝတ္ထုလေးထဲကို ကူးပြောင်းသွားတဲ့ စာရေးဆရာမတစ်ယောက်အကြောင်း ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ် ဒါပေမယ့် တခြားဇာတ်လမ်းတွေနဲ့မတူတဲ့အချက်က အချစ်ဦးစားပေးဇာတ်လမ်းမဟုတ်ဘဲ အမျိုးသမီးဇာတ်ကောင် မုဝမ်ချိုးဟာ မိခင်ဖြစ်သူနဲ့ သူ့ရဲ့ အသက်ဘေးကို ရှောင်ရှားပြီး ဇာတ်သိမ်းထိ သွားနိုင်ဖို့ကိုပဲ ရည်ရွယ်ကြိုးစားနေခဲ့တာပါ မိခင်နဲ့အတူ ဇာတ်သိမ်းထိ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ နန်းတွင်းအာဏာကစားပုံတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး ဒါဆို မုဝမ်ချိုးတစ်ယောက် သာမန်နန်းတွင်းသူအခိုင်းအစေဘဝကနေ မိဖုရားအဆင့်ထိ ဘယ်လိုတက်သွားမလဲ အန္တရာယ်တွေကြုံလာတဲ့အခါ ဘယ်လိုဉာဏ်ရှိရှိ ရှောင်ရှားသွားလဲဆိုတာ သိရအောင် မင်မင်တို့ Yoyar Family ကတင်ဆက်လိုက်တဲ့ “ခယောင်းလမ်းမှာ ပွင့်တဲ့ပန်း” ဇာတ်လမ်းတွဲလေးကို အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ရအောင်