အရမ်းချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို တစ်ချိန်မှာ ကိုယ့်တူရဲ့ ဇနီးလောင်းအနေနဲ့ ပြန်တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုနေမှာလဲ??
ရှီးမိန်လီချန်နဲ့ ကျန်းဝမ်ကျင်းတို့ဟာ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် ဒါပေမယ့် လီချန်ရဲ့ အမေကြောင့် ဝေးသွားခဲ့ရပြီး လီချန်လည်း နိုင်ငံခြားရောက်သွားသလို ကျန်းဝမ်ကျင်းဟာလည်း လီချန်ရဲ့တူနဲ့ စေ့စပ်ခဲ့ရပါတယ် လီချန်ရဲ့တူ ဖုဟယ်ယွဲ့ကို ကျန်းဝမ်ကျင်းမချစ် အထိမခံသလို ဖုဟယ်ယွဲ့ကလည်း ကျန်းဝမ်ကျင်းကို အရွဲ့တိုက်ပြီး မျက်စိရှေ့တင် မိန်းမပေါင်းများစွာနဲ့ ရှုပ်ပွေခဲ့ပါတယ်
ဒီလို ဆိုးဝါးလှတဲ့အိမ်ထောင်ရေးတစ်ခုကို အစပြုဖို့ နှစ်ယောက်လုံး မိုက်မိုက်ကန်းကန်း ကြိုးစားနေချိန်မှာ ရည်းစားဟောင်းဖြစ်သူ လီချန် ပြန်ရောက်လာတဲ့အခါ…
ချစ်ရတဲ့ လီချန်နဲ့ စေ့စပ်ထားသူ ဖုဟယ်ယွဲ့ ဒီနှစ်ဦးမှာ ကျန်းဝမ်ကျင်း ဘယ်သူ့ကို ရွေးချယ်မလဲ??
ကျန်းဝမ်ကျင်းကရော ဖုဟယ်ယွဲ့ကိုမချစ်ဘဲ ဘာကြောင့် စေ့စပ်ခဲ့တာလဲ??