Skip to content
YoYar VIP
YoYar VIP

  • Home
  • Series
  • Register
  • Login
  • VIP Premium
YoYar VIP

ချမ်းသာခြင်းနတ်ဘုရားမလေး

wai yan, April 9, 2025

ကောင်းကင်ဘုံပေါ်က အားလုံးရဲ့အချစ်ခံ ချမ်းသာခြင်းနတ်ဘုရားမလေးဟာ အရင်ဘဝကပျောက်ဆုံးသွားခဲ့တဲ့မိဘတွေကိုရှာဖွေဖို့ လူ့လောကကို ဆင်းလာခဲ့ပါတယ် လူ့လောကမှာတော့ မိဘတွေဟာ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံဖြစ်ကြသေးဘဲ ပင်ပန်းဆင်းရဲစွာ ဘဝကို ရုန်းကန်နေရရှာပါတယ်

ဖခင်ဖြစ်သူချန်ကျန့်ကတော့ လက်ရှိမှာ စုန့်ဝိန်ယွီဆိုတဲ့ ချစ်သူကောင်မလေးကိုအမ်းဖို့ လုံခြုံရေးအစောင့်လုပ်ရင်း ပင်းပန်းစွာငွေရှာနေရပါတယ်

မိခင်ဖြစ်သူလျိုချင်းယာကတော့ ဖန်းဟောက်အင်တာနေရှင်နယ်ဘဏ်တစ်ခုရဲ့ ဝန်ထမ်းအဖြစ်နဲ့ အသားယူအနိုင်ကျင့်တာတွေ ခံနေရပါတယ်

ဒီလိုမျိုး နိမ့်ပါးတဲ့အခြေအနေကိုရောက်နေတဲ့ဖခင်နဲ့ မိခင်ကို ချမ်းသာခြင်းနတ်ဘုရားမလေး ချိုက်ချိုက် ဘယ်လိုကယ်တင်ပေးမလဲဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “ချမ်းသာခြင်းနတ်ဘုရားမလေး” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်

Series

Post navigation

Previous post
Next post

Related Posts

Series

ပျောက်ဆုံးသွားသောမှတ်ဉာဏ်

May 3, 2025May 20, 2025

အချစ်ဆိုတာ လိုက်လေပြေးလေ ခက်ခဲလေ ပိုလိုချင်လေဆိုတဲ့သဘောကို ပြထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဝမ်လန်ဆိုတဲ့မိန်းကလေးဟာ မိခင်ဖြစ်သူကို ကိုယ်တိုင်လုပ်ကြံခဲ့တဲ့ဖခင်နဲ့မိထွေးတို့ကြောင့် အတိတ်မေ့သွားခဲ့ရပါတယ် အတိတ်မေ့နေတဲ့ဝမ်လန်ကို မုပိုင်မှမုပိုင်ဆိုပြီးချစ်မိနေအောင် မိထွေးတို့က brainwashed လုပ်ခဲ့ကြပါသေးတယ် မုပိုင်အပေါ်အချစ်ရူးရူးကာ မုပိုင်ပစ်ချသမျှခံနေရှာတဲ့ဝမ်လန်တစ်ယောက် အတိတ်က ပျောက်ဆုံးသွားခဲ့တဲ့မှတ်ဉာဏ်တွေ ပြန်ပေါ်လာချိန်မှာတော့… ရိုတာရော ချိုတာရော ခွီတာရော ရသအစုံကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်တာမို့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “ပျောက်ဆုံးသွားသောမှတ်ဉာဏ်”ဇာတ်လမ်းလေးကို အခုပဲ linkထဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ပါ

Read More
Series

အချစ်စမ်းရေ

May 3, 2025May 20, 2025

တခါတ‌လေမှာ အချစ်ဟာ ဘဝထဲ တံခါးမခေါက်ဘဲ ဇွတ်တိုးဝင်လာတတ်ပါတယ် ပေကျင်းနံပါတ်တစ်အိမ်တော်ရဲ့အရှင်သခင်လေး လုံချုံကြွယ် ဘဝမှာ စီးပွားရေးကလွဲ ဘာမှ ခေါင်းထဲမထည့်ခဲ့တဲ့သူ၊ သစ်ရွက်လှုပ်တိုင်းစိတ်ကူးယဉ်ရမယ့် အရွယ်ကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ဥက္ကဌလုံရဲ့ဘဝထဲ မိန်းကလေးတစ်ယောက် ဝင်လာခဲ့တဲ့အချိန်မှာ သံမဏိနှလုံးသားကြီး ဘယ်လိုအရည် တွေပျော်သွားမလဲ လူမဆန်တဲ့ဦးလေးနဲ့အဒေါ်ရဲ့လက်မှာ ကြီးပြင်းခဲ့ရတဲ့ ဆယ်ကျော်သက်မလေး မုရွမ်ရွမ်ဟာ ပညာအရည်အချင်းလည်းနိမ့်ပြီး ကျောထောက် နောက်ခံလည်း မရှိသူမို့ ဦးလေးနဲ့အဒေါ်အိမ်ခိုကပ် နေရရာမှ တရုတ်မိန်းကလေးတွေရဲ့ထုံးစံအတိုင်း တင်တောင်းငွေရဖို့အဆင်တန်ဆာတစ်ခုအဖြစ် အသုံးချခံရလုဆဲဆဲအချိန်မှာ လူတစ်ယောက်နဲ့ မတော်တဆမှားမိပြီး ကိုယ်ဝန်ရသွားခဲ့ပါတယ် ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့မုရွမ်ရွမ်တစ်ယောက်ဘဝရှေ့ရေးအတွက် ဘယ်လိုဆုံးဖြတ်မလဲ အဲဒီအမျိုးသားကရော သူ့ကိုတာဝန်ယူပါ့မလား တည်ငြိမ်တဲ့ဦးလေးကြီးနဲ့ ဖြူစင်နုနယ်တဲ့ ဆယ်ကျော်သက်မလေးတို့ကြားမှာဖြစ်ပေါ်လာတဲ့ ရိုရိုချိုချိုချစ်မေတ္တာ ဇာတ်လမ်းလေးကို အသဲတယားယားနဲ့ စောင်ကိုက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဦးလေးကြီးဘယ်လောက်တောင် မိမိုက်နေပြီး မုရွမ်ရွမ်လေးဘယ်လောက်ချစ်စရာ…

Read More
Series

အသွားအပြန်ရှိတဲ့ မေတ္တာဆူး

April 24, 2025May 20, 2025

“မင်းလှေမျောလည်း မဆယ်နဲ့ ခြေနှစ်ချောင်းလည်း မကယ်နဲ့” မိခင်က ဆုံးပါးသွားပြီး ဖခင်ကလည်း သမီးမိန်းကလေးမို စွန့်ပစ်ခံရတော့မယ့် ရှန်နော့ဆိုတဲ့ကလေးမလေးကို သနားဂရုဏာသက်မိသွားတဲ့သူကတော့ မိထွေးဖြစ်သူ ရန်ရှစ်ယင်းပါ ယောက်ျားဖြစ်သူကို ကွာရှင်းပြီး လင်ပါသမီးလေး ရှန်နော့ကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ် စန္ဒယားပညာရှင်ဖြစ်ချင်တဲ့သမီးဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ရန် စည်းကမ်းကြီးစွာနဲ့ အုပ်ထိန်းဖို ကြိုးစားခဲ့ရှာပါတယ် သိုသော်လည်း သမီးဖြစ်သူ ရှန်နော့မှာ ဖခင်ရှန်ယီရဲ့ ဆိုးညစ်တဲ့ဗီဇသွေးလွှမ်းမိုးနေသောအခါ…

Read More

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2025 YoYar VIP | WordPress Theme by SuperbThemes