Episode တွေနှိပ်လို့မရပါက ဒီခလုပ်လေးနှိပ်ပေးပါ
အခုတစ်ခါတင်ဆက်သွားမယ့်ဇာတ်လမ်းကတော့ ကျန်းရှစ်ချီးကားတွေနဲ့ ဇာတ်လမ်းတိုပရိသတ်တွေရင်ထဲနေရာယူလာခဲ့တဲ့ ဦးလေးကြီးဝမ်သောင့်ထျယ်ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ် ဒီဇာတ်လမ်းရဲ့မင်းသမီးလေးကတော့ ကျန်းယာနီဆိုတဲ့ ရိုးသားတဲ့တောသူမလေးတစ်ယောက်ပဲဖြစ်ပါတယ် ကျန်းယာနီဟာ ရိုးသားပေမယ့် ပြတ်သားပြီး ဆတ်ဆတ်ထိမခံတဲ့အကျင့်စရိုက်မျိုးရှိသူပါ မြိုပေါ်မှာအလုပ်လုပ်နေတဲ့သူငယ်ချင်းရဲ့အကောက်ကြံမှုကြောင့် KTVမှာ ဆေးခတ်ခံရပြီး ဟော့ချင်းလီ ခေါ် ဦးလေးကြီးနဲ့ ပတ်သက်ခဲ့ရပါတယ် ဒါပေမယ့် စားပြီးနားမလည်လေး ကျန်းယာနီက ဦးလေးကြီးကို တာဝန်ယူရမှာဆိုပြီး မသိချင်ယောင်ဆောင်ခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူကျူးရှင်းက အခွင့်ကောင်းရသွားခဲ့ပါတယ် နောက်တော့ ဦးလေးကြီးပိုင်တဲ့ဟိုတယ်မှာ သန့်ရှင်းရေးအလုပ်ဝင်လုပ်ရင်းက စိတ်ထားမြင့်မြတ်တဲ့ယာနီကို ဦးလေးကြီးတစ်ယောက် သတိထားမိလာပါတော့တယ် ရှစ်ချီးဇာတ်လမ်းတွေပါးတုန်း ဦးလေးကြီးကို လွမ်းနေတဲ့ ပရိသတ်တိုအတွက် မင်မင်တို ဘာသာပြန်တင်ဆက်ပေးရခြင်းဖြစ်ပါတယ် ဥက္ကဌဇာတ်လမ်းတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဦးလေးကြီးတစ်ယောက် ဒီဇာတ်လမ်းမှာရော ဘယ်လိုတွေမိမိုက်နေမလဲဆိုတာ အတူတူစောင့်ကြည့်လိုက်ရအောင်နော်