အားယူနဲ့ အားလီတိုဟာ ညီအစ်မတွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက ကွဲကွာနေကြသူတွေဖြစ်ပါတယ် ရုပ်ချင်းခွဲမရအောင်တူတဲ့ ညီအစ်မတွေဆိုပေမယ့် အကျင့်စရိုက်ချင်းကတော့ ကွာခြားလွန်းလှပါတယ် အားလီဟာ ပျော့ညံ့ပြီး လူတကာအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေးဖြစ်ပေမယ့် အားယူကတော့ ထက်မြက်လွန်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းစုတစ်ခုကို ဦးဆောင်နိုင်တဲ့ ဥက္ကဌတစ်ယောက်ဖြစ်နေပါပြီ အားယူဟာ ညီမလေးနဲ့ မိခင်ဖြစ်သူကို လွမ်းဆွတ်သောကြောင့် ဇာတိမြေကို ပြန်လာခဲ့ပါတယ် သူပြန်လာမယ့်ရက်မှပဲ ညီမဖြစ်သူအားလီဟာ ကျောင်းတွင်းအနိုင်ကျင့်သူတွေလက်ချက်နဲ့ သေလုမြောပါးဖြစ်သွားခဲ့ပါတယ် ရောက်ရောက်ချင်း ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရတဲ့ အားယူဟာ ညီမဖြစ်သူကို အနိုင်ကျင့်ခဲ့တဲ့ ချန်ပေါင်ကျုးတို အုပ်စုကို ပညာပေးဖို ကြိုးစားပါတော့တယ်
ရုပ်ချင်းခွဲမရအောင်တူပေမယ့် အကျင့်စရိုက်ကွာခြားလွန်းတဲ့ အစ်မဖြစ်သူအားယူက အားလီရဲ့နေရာ ဝင်အစားထိုးလိုက်တဲ့အခါ…
ငွေနဲ့ဖိပြီး အနိုင်ကျင့်တတ်တဲ့အသိုင်းအဝိုင်းကို ငွေနဲ့ပဲ အားယူဘယ်လိုအနိုင်ပြန်ယူမလဲဆိုတာကို စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ်