အရာရာကိုထွင်းဖောက်မြင်နိုင်တဲ့အစွမ်းဆိုတာလူတကာကမက်မက်မောမောလိုချင်နေကြတဲ့အစွမ်းတစ်ခုဖြစ်ပါတယ်ဒီလိုအစွမ်းကိုမှကံထူးပြီးရရှိသွားတဲ့သူကတော့ပစ္စည်းပို့သမားလေးလီဖုန်ပဲဖြစ်ပါတယ်
လူတကာရဲ့အနင်းခံ၊ ဇနီးဖြစ်သူရဲ့ဖောက်ပြန်ခြင်းခံရတဲ့ လီဖုန်ဟာ ပန်းအိုးလေးတစ်လုံးကြောင့် ဒီအစွမ်းကို ရရှိသွားခဲ့ပါတယ် ဒီအစွမ်းကို ရရှိပြီးတဲ့အချိန်ကနေစပြီး လီဖုန်ရဲ့ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ?? အပယ်ခံဆင်းရဲသားနင်းပြားလေး လီဖုန်ကနေ မမလှလှတွေ ဝန်းရံနေတဲ့ ဆရာကြီးလီဖုန်အဖြစ် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကို ဒီကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် မြန်မာနဲ့တရုတ်နယ်စပ်က ကျောက်စိမ်းလောကအကြောင်းကိုလည်း တစေ့တစောင်းလေး ရိုက်ပြထားပေးတာမို့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေမှာ အမှန်ပါ ကဲ ပရိသတ်တို့ရော ဒီလိုမျိုး အရာရာကို ထွင်းဖောက်မြင်နိုင်တဲ့အစွမ်းသာ ရရှိခဲ့မယ်ဆိုရင် ဘာအရင်ဆုံးလုပ်မှာ ဘယ်လိုအသက်မွေးဝမ်းကြောင်းကို ရွေးချယ်မှာလဲ