“အသက်ထက်ပိုချစ်တယ်“ ဒီစကားဟာ ချစ်သူလင်မယားတွေကြား မကြာခဏကြားရလေ့ရှိတဲ့ စကားလေးတစ်ခွန်းဖြစ်ပါတယ် နှုတ်ဖျားပေါ် သကာရည်လောင်းထားတဲ့ အပေါ်ယံစကားဖြစ်မလား တကယ်ပဲ ရင်ထဲက စကားအစစ်ဖြစ်လားဆိုတာကိုတော့ အချိန်ဆိုတဲ့စက်ဝန်းကြီးက စီရင်ဆုံးဖြတ်ပေးလေ့ရှိပါတယ်
ဖုဟန်ချွမ်းဟာ ကျိကျိတက်ချမ်းသာလွန်းတဲ့သူဌေးကြီးဖြစ်ပြီး ရုပ်ရည်လည်း ချောမောသူဖြစ်တာကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို ပြောနိုင်ပါတယ် ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တစ်ခုရှိနေပါသေးတယ် သူ့ရဲ့ခန္ဓာကိုယ်တွင်းမှာ ပြည့်ဝလွန်နေတဲ့ယန်ဓာတ်က အဆိပ်သဖွယ်လှိက်စားနေပါတယ်
သူ့ရဲ့ရောဂါကို ကုသနိုင်ဖိုအတွက် ယင်ဓာတ်ပြည့်ဝတဲ့မိန်းကလေးတစ်ဦးနဲ့ နှစ်ကူးလပြည့်ညအချိန်မှာ သံဝါသပြုမှသာလျှင် ရောဂါပျောက်ကင်းနိုင်မှာဖြစ်ပါတယ် သိုသော်လည်း ယင်ဓာတ်ပိုင်ရှင်အမျိုးသမီးကတော့ ချီစွမ်းအင်ပျက်စီးပြီး သေဆုံးသွားနိုင်ပါတယ် သူလိုချင်တဲ့ယင်ဓာတ်ပြည့်ဝသူကို လတိုင်းရှာဖွေရာက ရှီယွဲဆိုတဲ့မိန်းကလေးကို ကံကောင်းစွာနဲ့ တွေ့ရှိသွားခဲ့ရပါတယ်
ကံဆိုးစွာနဲ့ပဲ ဖုဟန်ချွမ်းတစ်ယောက် ရှစ်ယွဲကိုမှ ချစ်မိသွားခဲ့ပါတယ် နှစ်ယောက်ထဲက တစ်ယောက်သေမှဖြစ်မယ့် ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားတဲ့ ဖုဟန်ချွမ်းနဲ့ ရှစ်ယွဲ ဘယ်သူက ရှင်ပြီး ဘယ်သူက အစတေးခံလိုက်ရမလဲဆိုတာကိုတော့ နှစ်ဦးကြားချည်နှောင်မိသွားတဲ့ ကိုယ်စီနှလုံးသားကပဲ စီရင်ဆုံးဖြတ်ပေးသွားပါလိမ့်မယ်