ယွင်ချင်းဟာ ယွင်အိမ်တော်ရဲ့ စွန့်ပစ်ခံလိုက်ရတဲ့သမီးတစ်ယောက်ပါ မိခင်နာမကျန်းဖြစ်နေတဲ့အချိန် ဖခင်က နောက်မိန်းမယူခဲ့ပါတယ် မိထွေးလုပ်သူကလည်း ယွင်ချင်းငယ်ရွယ်စဉ်မှာပဲ မိုးရေထဲ ပစ်ထားတဲ့အတွက် ယွင်ချင်းမှာ ဆွံအနားမကြားအဖြစ်နဲ့ ကျေးရွာလေးတစ်ရွာဆီ မောင်းထုတ်ခံလိုက်ရပါတယ်
ဆေးဆရာတစ်ဦးအကူအညီနဲ့ ပြန်ကောင်းတဲ့အချိန်မှာပဲ မိထွေးဖြစ်သူနဲ့ မယားပါသမီးတို လာခေါ်ကာ နာမည်ကြီးဟော်အိမ်တော်ရဲ့သခင်လေးနဲ့ လက်ထပ်ခိုင်းခဲ့ပါတယ်
လက်ထပ်ရမယ့်သူနဲ့ဆုံတဲ့အချိန် သတိုသားလောင်းမှာ မိမိကယ်ခဲ့ဖူးသော်လည်း မိမိနဲ့ပြဿနာအနည်းငယ်ဖြစ်ခဲ့တဲ့သူမှန်း သိလိုက်ရပါတယ်
အိမ်တွင်းရေးရှုပ်ထွေးနေတဲ့ ယွင်မိသားစုဝင်တွေနဲ့ တစ်ဖက်က မိမိကိုအသဲအသန်လက်စားချေဖိုလိုက်ရှာနေတဲ့ ဟော်သခင်လေးတိုကြား မိမိအသက်အန္တာရာယ်ကင်းရန်၊ မိမိပိုင်ဆိုင်မှုတွေပြန်ရရင် ယွင်ချင်း ဘယ်လိုမာယာတွေသုံးပြီး ဖြတ်ကျော်သွားမလဲဆိုတာကိုသိချင်ရင်တော့ မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “ပန်းကလေးရဲ့မာယာ”ဇာတ်လမ်းတွဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင်