Skip to content
YoYar VIP
YoYar VIP

  • Home
  • Series
  • Register
  • Login
  • VIP Premium
YoYar VIP

ပျောက်ဆုံးသွားသော သတိုသမီး

wai yan, April 9, 2025

လျန်ယွင်ကဲဟာ အပူအပင်မရှိ ကြောင့်ကြစရာမရှိတဲ့ မိန်းကလေးတစ်ယောက်ပါ နွေးထွေးကြင်နာတတ်တဲ့အစ်မဖြစ်သူ မုယွဲ့ဖူနဲ့ အသေးစိတ်ကအစဂရုစိုက်ပေးတတ်ပြီး သူ့ကိုအရမ်းချစ်တဲ့ သတို့သားလောင်း စူးယိကိုပါ ပိုင်ဆိုင်ထားတာမို့ ဘဝက အရာရာပြည့်စုံနေတယ်လို့ ပြောလို့ရပါတယ် တစ်နေ့မှာ အစ်မဖြစ်သူ မုယွဲ့ဖူတစ်ယောက် လျန်ယွင်ကဲရှေ့မှောက်မှာတင် တိုက်ပေါ်က တွန်းချခံရပြီး သေဆုံးသွားခဲ့ပါတယ် ဒါ့ကြောင့်အစ်မဖြစ်သူ လုပ်ကြံခံရတဲ့အဖြစ်အပျက်ကို သိလိုတာမို့ လျန်ယွင်ကဲဟာ သူ့ကိုယ်သူမုယွဲ့ဖူအဖြစ် ဆာဂျရီလုပ်ပြောင်းလဲလိုက်ပြီး မုယွဲ့ဖူကို ပြန်မွေးဖွားစေခဲ့ပါတယ်

မုယွဲ့ဖူတစ်ဖြစ်လဲ လျန်ယွင်ကဲတစ်ယောက် အစ်မဖြစ်သူအတွက် လက်စားချေပေးနိုင်ပါ့မလား??

စူးယိကရော မင်္ဂလာဆောင်ခါနီးမှ ပျောက်ဆုံးသွားတဲ့ ဇနီးလောင်းရဲ့ လျို့ဝှက်ချက်ကို ရှာတွေ့သွားနိုင်မလား??ဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ပျောက်ဆုံးသွားသော သတို့သမီး”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှု ခံစားလိုက်ရအောင်နော်

Series

Post navigation

Previous post
Next post

Related Posts

Series

လေပြေကလေး

April 10, 2025May 20, 2025

ကျန်းဝမ်ဟာ ကျန်းအုပ်စုရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ယောက်ျားတွေကို အားမကိုးဘဲ မိမိအစွမ်းအစနဲ့ စီးပွားရေးကိုပဲ တစိုက်မတ်မတ်ကြိုးစားနေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ပါ ကျန်းဝမ်ဟာ အလုပ်ဆွေးနွေးပွဲတစ်ခုမှာ အမူးလွန်သွားရာက သူစိမ်းယောက်ျားတစ်ယောက်နဲ့ အတူနေမိသွားခဲ့ပါတယ် နောက်တစ်နေ့ ကျိအုပ်စုဆီ အလုပ်ကိစ္စ သွားဆွေးနွေးရင်းမှ မိမိနဲ့အလုပ်ကိစ္စ အကျိုးတူပူးပေါင်းမယ့် တစ်ဖက်ကုမ္ပဏီဥက္ကဌဟာ မနေ့ညက အတူအိပ်မိခဲ့တဲ့ အမျိုးသားဖြစ်နေမှန်းသိလိုက်ရပါတယ် အရည်အချင်းရှိပြီး ဩဇာကြီးတဲ့ဥက္ကဌနဲ့ ထက်မြက်ပြီး ကိုယ့်ထူးကိုယ်ချွန်လိုတဲ့ ကျန်းဝမ်တို့ကြား အချစ်လေပြေလေး သိမ်သိမ်မွေ့မွေ့ တိုးဝင်လာတဲ့အခါ…

Read More
Series

ပြိုင်ဘက်ကင်း နတ်ဆေးဆရာ

April 30, 2025May 20, 2025

“ကျေးဇူးရှိလို့ ကျေးစွပ်တာ”ဆိုတဲ့စကားဟာ နယ်ဆရာဝန်လေး လီယုံအတွက်တော့ thwayထွက်အောင်မှန်နေပါတယ် လီယုံဟာတိုင်းရင်းသမားတော်တစ်ယောက်ဖြစ်ပြီး မိမိနေထိုင်တဲ့ရပ်ရွာကို ဆေးဝါးနဲ့ အကျိုးပြုနေသူဖြစ်ပါတယ် ငွေကြေးမတတ်နိုင်သူရော တတ်နိုင်သူကပါ ဆေးဖိုးဝါးခအကြွေးထားကြတဲ့အတွက် ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး လီယုံရဲ့ဇနီးဖြစ်သူက လီယုံကို ကွာရှင်းသွားခဲ့ပါတယ် ထိုအခါ သမီးဖြစ်သူကို ကျောင်းထားနိုင်ဖို့ လီယုံတစ်ယောက် ဆေးဖိုးဝါးခအကြွေးတောင်းထွက်ရပါတော့တယ် “ကြွေးယူပြုံးပြုံး တောင်းတော့မုန်း”တဲ့ ရစရာရှိတဲ့ဆေးဖိုးဝါးခအကြွေးတွေ ပြန်တောင်းတဲ့အခါမှာတော့ ကျေးဇူးကန်းတတ်တဲ့ လူ့သဘာဝကို လီယုံတစ်ယောက် ကိုယ်တွေ့ကြုံရပါပြီ မိမိအသက်ကယ်ပေးခဲ့တဲ့ကျေးဇူးတရားကိုမထောက်ဘဲ အုပ်စုလိုက်ချောက်ချပြီး တရားပြန်စွဲတာကို ရင်ဆိုင်ရတဲ့အခါ… ဒီ”ပြိုင်ဖက်ကင်းနတ်ဆေးဆရာ”ဆိုတဲ့ဇာတ်လမ်းလေးကို မင်မင်တို့ Yoyar Family ကနေ တင်ဆက်နေပြီမို့လို့ အမြန်ဆုံး ဝင်ကြည့်ဖို့ မမေ့လိုက်နဲ့နော်

Read More
Series

မရှိထိုက်တဲ့သားမိုက်

April 9, 2025April 10, 2025

“ကျွန်ယုံရင်တစ်ဖက်ကန်း၊ သားသမီးယုံရင် စုံလုံးကန်း” ဆိုတဲ့စကားပုံဟာ ကျေးတောရွာက သားတစ်ယောက်အမေမုဆိုးမ လျိုကွေ့ဟွားအတွက် ဖြစ်နေခဲ့ပါတယ် နာမည်ကသာ ‌လှပတဲ့ကွေ့ဟွားပန်း(ပင်လုံးက်ြိုင်ပန်းလေး)ဖြစ်နေပေမယ့် လျိုကွေ့ဟွားရဲ့ ဘဝကတော့ မလှပခဲ့ပါဘူး သားဖြစ်သူ လျိုတုံးယန်ကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ရင်း သားဖြစ်သူပညာသင်စရိတ်အတွက် ကေ ျာက်ကပ်ထုတ်ရောင်းလိုက်၊ မျက်ကြည်လွှာရောင်းလိုက်၊ သွေ းလှူလိုက်လုပ်ရင်း သားဖြစ်သူကို ပညာသင်ပေးခဲ့ပါတယ် ဒါပေမယ့် သားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာတော့ မိခင်ဖြစ်သူကို ပြန်မပြုစုတဲ့အပြင် မိခင်အဖြစ်ပါအသိအမှတ်မပြုခဲ့ပါဘူး တစ်ဖက်မှာလည်း တိကျင်းအုပ်စုဥက္ကဌ လျိုရှန့်နန်ဟာ မွေးစားအမေဖြစ်သူ လျိုကွေ့ဟွားကို ရှာဖွေဖို့ ကျန်းချန်မြို့ကိုရောက်လာခဲ့ပါတယ် လမ်းပေါ်အမှတ်မထင်ကယ်တင်ခြင်းခံခဲ့ရတာမို့ သူတို့နှစ်ဦးကြားက အဆက်အသွယ်အဖြစ် ကျောက်စိမ်းပြားလေးသာ ရှိခဲ့ပါတယ် သားဖြစ်သူရဲ့အသိအမှတ်မပြုခံရတဲ့လျိုကွေ့ဟွားတစ်ယောက် ချွေးမလုပ်သူရဲ့ ဘယ်လိုအငြိုးထားနှိ.ပ်စက်ခြင်းခံရမလဲ?? မိခင်နဲ့ စည်းစိမ်ကြား ဝေခွဲမရဖြစ်နေတဲ့ မရှိထိုက်တဲ့သားမိုက် လျိုတုံးယန်ကရော အဆုံးထိ…

Read More

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2025 YoYar VIP | WordPress Theme by SuperbThemes