“ကျွန်ယုံရင်တစ်ဖက်ကန်း၊ သားသမီးယုံရင် စုံလုံးကန်း” ဆိုတဲ့စကားပုံဟာ ကျေးတောရွာက သားတစ်ယောက်အမေမုဆိုးမ လျိုကွေ့ဟွားအတွက် ဖြစ်နေခဲ့ပါတယ် နာမည်ကသာ လှပတဲ့ကွေ့ဟွားပန်း(ပင်လုံးက်ြိုင်ပန်းလေး)ဖြစ်နေပေမယ့် လျိုကွေ့ဟွားရဲ့ ဘဝကတော့ မလှပခဲ့ပါဘူး သားဖြစ်သူ လျိုတုံးယန်ကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ရင်း သားဖြစ်သူပညာသင်စရိတ်အတွက် ကေ ျာက်ကပ်ထုတ်ရောင်းလိုက်၊ မျက်ကြည်လွှာရောင်းလိုက်၊ သွေ းလှူလိုက်လုပ်ရင်း သားဖြစ်သူကို ပညာသင်ပေးခဲ့ပါတယ် ဒါပေမယ့် သားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာတော့ မိခင်ဖြစ်သူကို ပြန်မပြုစုတဲ့အပြင် မိခင်အဖြစ်ပါအသိအမှတ်မပြုခဲ့ပါဘူး
တစ်ဖက်မှာလည်း တိကျင်းအုပ်စုဥက္ကဌ လျိုရှန့်နန်ဟာ မွေးစားအမေဖြစ်သူ လျိုကွေ့ဟွားကို ရှာဖွေဖို့ ကျန်းချန်မြို့ကိုရောက်လာခဲ့ပါတယ် လမ်းပေါ်အမှတ်မထင်ကယ်တင်ခြင်းခံခဲ့ရတာမို့ သူတို့နှစ်ဦးကြားက အဆက်အသွယ်အဖြစ် ကျောက်စိမ်းပြားလေးသာ ရှိခဲ့ပါတယ်
သားဖြစ်သူရဲ့အသိအမှတ်မပြုခံရတဲ့လျိုကွေ့ဟွားတစ်ယောက် ချွေးမလုပ်သူရဲ့ ဘယ်လိုအငြိုးထားနှိ.ပ်စက်ခြင်းခံရမလဲ??
မိခင်နဲ့ စည်းစိမ်ကြား ဝေခွဲမရဖြစ်နေတဲ့ မရှိထိုက်တဲ့သားမိုက် လျိုတုံးယန်ကရော အဆုံးထိ မိခင်ကို လစ်လျူရှုထားဦးမလားဆိုတာ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “မရှိထိုက်တဲ့သားမိုက်” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါပြီ