သူ့ဘက်ကချစ်ချစ်မချစ်ချစ် ကိုယ်ကချစ်နေရင် ရပါပြီဆိုတဲ့ဖန်ဖန်လေးတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါ အချစ်တစ်ခုတည်းအတွက်နဲ့ မိသားစုမောင်နှမတွေ စည်းစိမ်တွေကိုပါ စွန့်ပစ်ပြီး အချစ်ရဲ့ ခေါ်ဆောင်ရာကို လိုက်လာတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်…
ချစ်ခဲ့ရသမျှ ပေးဆပ်ရသမျှနဲ့မတန်အောင် နာမည်တပ်တံဆိပ်ကပ်ခံလိုက်ရတာက ‘ငွေမက်တဲ့မိန်းမ‘တဲ့
ကိုယ်အချစ်ရဆုံးလူနှုတ်ဖျားကနေ နာကြည်းစရာအကောင်းဆုံးစကားတွေ ထပ်ခါထပ်ခါ ကြားရပါများလာတဲ့အခါ…
ဒီလိုမခိုင်မာနေတဲ့အိမ်ထောင်ရေးထဲ လူပိုတစ်ယောက်ထပ်ဝင်လာတဲ့အခါမှာတော့…
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာအချစ်မခံရတဲ့သူကတတိယလူပဲ
တတိယလူအဖြစ် မိမိကိုယ်ကိုခံယူပြီး နောက်ဆုတ်ထွက်ခွာဖို ကြိုးစားခဲ့တဲ့ စူးနန်
ကျေးဇူးတရားနဲ့ အချစ်ကြား အဖြေရှာမရဘဲ တစ်ဖက်လူမလိုအပ်တော့တဲ့အချိန်မှ မေတ္တာတွေပေးဖိုကြိုးစားနေတဲ့ ဥက္ကဌဖုယဲ့ချွမ်း
ကျေးဇူးတရားကို ဗန်းပြပြီး ဥက္ကဌကတော်နေရာ အပိုင်ချိုင်ဖိုကြိုးစားနေတဲ့ စနှိက်မ ဝမ်ရုန်
သူတိုသုံးဦးကြားက အားပြိုင်မှုတွေ မျက်စိမပါတဲ့အချစ်ရဲ့သက်ရောက်မှုတွေကို ဇာတ်လမ်းလှည့်ကွက်များစွာလျိုဝှက်ချက်များစွာနဲ့ ကြည့်ရှုရမှာမို အခုပဲ မင်မင်တို Yoyar Family ကတင်ဆက်လိုက်တဲ့ “မျက်မမြင်အချစ်” ဆိုတဲ့ဇာတ်လမ်းလေးကို ဝင်ရောက်ကြည့်ရှုလိုက်ကြရအောင်