Episode တွေနှိပ်လို့မရပါက ဒီခလုပ်လေးနှိပ်ပေးပါ
ရေပေါ်ကျွန်း... လူ့မလိုင်တွေ အထက်တန်းလွှာတွေအတွက် ငွေနဲ့ဘယ်အရာမဆို လဲလှယ်လို့ရတဲ့ကျွန်းတစ်ကျွန်း၊ တစ်နှစ်မှာတစ်ကြိမ် နာမည်ကျော်ပန်းချီကားတွေကို အပိုင်းပိုင်းစုတ်ဖြဲပြီး ကျွန်းပေါ်ဝင်ခွင့်ဖိတ်စာအဖြစ် သတ်မှတ်လေ့ရှိတဲ့ကျွန်းဖြစ်ပါတယ် ဒီကျွန်းမှာ လူတန်းစားနှစ်မျိုးပဲရှိတယ် နတ်ဆိုးလို ယုတ်မာတဲ့စိတ်တွေ အပြည့်ရှိတဲ့ ရေပေါ်ဆီတွေနဲ့ ကျွန်းပေါ်ကို အလုပ်ပေးမယ်ဆိုပြီး လိမ်ခေါ်ခံခဲ့ရတဲ့ ရေသူမမိန်းကလေးတွေ ဒီရေပေါ်ကျွန်းမှာ အသတ်ခံလိုက်ရတဲ့အပြင် ပြည့်တန်ဆာလို့ နာမည်ဖျက်ခံလိုက်ရတဲ့ စုန့်ချန်းရှီးရဲ့ညီမ စုန့်ကျန်းလုဟာ လူရောနာမည်ပါသေသွားရတဲ့အစ်မဖြစ်သူအတွက် ရေပေါ်ကျွန်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ် ငယ်ရွယ်ပြီး နောက်ခံဘာမှမရှိတဲ့ စုန့်ကျန်းလုလို မိန်းမငယ်လေးတစ်ယောက် ကြောက်မက်ဖွယ်ရာကျွန်းကြီးမှာ ဘယ်လောက်ကြာကြာဆက်ရှင်သန်နိုင်မှာလဲ?? အစ်မသေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေနိုင်မှာလား?? ပရိသတ်တို့ရော ဘယ်လိုထင်လဲ ရေပေါ်ကျွန်းလို သားရဲတွေပြည့်နေတဲ့ ဒီကမ္ဘာကြီးမှာ ဆက်ပြီးရှင်သန်နိုင်ဖို့ အများနည်းတူ မိုးခါးရေသောက်တာ ကောင်းမလား?? မကောင်းမှုကို တိုက်ထုတ်ဖို့ ကြိုးစားတာ ကောင်းမလား?? အဆုံးမှာ ရှင်သန်ကျန်ခဲ့မှာက ဘယ်သူလဲ?? အမြင်လေးတွေ မျှဝေပေးသွားပါဦးနော်