လျိုဝှက်အဖော်မွန် wai yan, April 9, 2025 ဇာတ်လမ်းလေးကိုတော့ ထရန်းချင်းအုပ်စုဥက္ကဌကတော် စူးထုန်နဲ့ မွေးကင်းစသမီးလေးတို့ ဥက္ကဌနဲ့တွေ့ဖို့ ကားနဲ့လာရာက လုပ်ကြံခံရပုံနဲ့ အစပြုထားပါတယ် စူးထုန်တစ်ယောက် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေးချင်းအလဲခံရတဲ့အပြင် ဝိဉာဉ်ပါလွင့်ထွက်သွားခဲ့ရပါတယ် ၇နှစ်ကြာသွားတဲ့အထိ အမှန်တရားက မပေါ်ပေါက်နိုင်သေးဘဲ သမီးအရင်းမဟုတ်သူ ကျစ်ချင်က ရွှေဇွန်းကိုက်ပြီး ကြီးပြင်းနေရချိန် သမီးအရင်းဖြစ်သူ ရှောင်ရှီးမှာတော့ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရရှာပါတယ် သူဌေးသမီးဘဝကို အလုခံလိုက်ရတဲ့ ရှောင်ရှီးလေး ကိုယ့်ရဲ့ သရုပ်မှန်ကို ပြန်ရနိုင်ပါ့မလား? ကလေးချင်းလုသွားတဲ့သူတွေကရော ဘယ်သူတွေလဲ? အစားထိုးနေရာယူထားတဲ့ ကျစ်ချင်ကရော ဘာတွေဖြစ်လာမှာလဲ မွေးစကတည်းက အကောက်ကြံခံရရှာတဲ့ ရှောင်ရှီးလေးကို စူးထုန်ရဲ့ဝိဉာဉ်က ဘယ်လိုအဖော်ပြုစောင့်ရှောက်ပေးသွားမလဲဆိုတာ သိရှိချင်တယ်ဆိုရင်တော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “လျို့ဝှက်အဖော်မွန်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် Series
Series ကမ္ဘာခြားတဲ့ ချစ်ခြင်း April 24, 2025May 20, 2025 အချိန်ကူးပြောင်းတဲ့ကားတွေကြည့်တဲ့အခါ ဟိုဘက်ခေတ်ကနေ ဒီဘက်ခေတ် ရောက်လာတာတို ဒီဘက်ခေတ်ကနေ ဟိုဘက်ခေတ် ရောက်သွားတာတိုတွေပဲ အတွေ့များကြလိမ့်မယ်ထင်တယ်နော် ဒီတစ်ခေါက်ဇာတ်လမ်းကတော့ တမျိုးလေးပဲ ဟိုဘက်ဒီဘက်ကူးတာမျိုး မဟုတ်ဘဲနဲ့ ဟိုဘက်ခေတ်ဒီဘက်ခေတ်ကို အသွားအလာကူးလိုရတဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်အထက်က တာ့ကျိုးပြည်မှာ ဧကရီဘုရင်မတစ်ပါး အုပ်စိုးခဲ့ဖူးပါတယ် အဲဒီတာ့ကျိုးပြည်မှာပဲ ရှန်းဝမ်ဆိုတဲ့ Time Traveller တစ်ယောက်ဟာ အဲဒီခေတ်ကာလထက် ပိုဆန်းကြယ်တဲ့ပစ္စည်းတွေကို တီထွင်ရင်း ဘုရင်မရော ပြည်သူပြည်သားတွေအပေါ်ပါ လူလည်ကျနေခဲ့တာ အတော်ကြာပါပြီ တစ်နေ့မှာတော့ ဘုရင်မဟာ သူ့ခမည်းတော်ချန်ပေးခဲ့တဲ့ ကျောက်စိမ်းတစ်ဝက်ကို ကုတင်ခေါင်းရင်းမှာ ချိတ်လိုက်ရာကနေ ဒီဘက်ခေတ်ရဲ့ စတိုးဆိုင်ပိုင်ရှင်လေး ရှောင်းရန်နဲ့ အိပ်ရာချင်းဆက်သွားခဲ့ပါတယ် ဘုရင်မနဲ့ရှောင်းရန် ဘယ်လိုတွေနားလည်မှုယူပြီး ရှန်းဝမ်ကို ရင်ဆိုင်ကြမလဲ ရှန်းဝမ်ကရော ဘုရင်မရဲ့လျိုဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ဖိုကြိုးစားမလဲဆိုတာကို မင်မင်တို Yoyar Family… Read More
Series အမုန်း၌ဖြစ်တည်သော အချစ် April 9, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Read More
Series ပါရမီရှင်ကျောင်းသူလေး April 24, 2025May 20, 2025 ပရိသတ်တို့ထဲမှာ ပညာရေးထူးချွန်ပါလျက်နဲ့ မိသားစုအတွက် တက်လမ်းကို လက်လွှတ်ခဲ့ဖူးတဲ့သူတွေရှိလား?? တကယ်လို့ ရှိခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းလေးက မိတ်ဆွေနဲ့ တစိတ်တပိုင်း သက်ဆိုင်နေမှာပါ ကျန်းဖျင်ဟာ သင်္ချာမှာ သူမတူအောင် ထူးချွန်တဲ့ပါရမီနဲ့ မွေးဖွားလာခဲ့တဲ့ကျောင်းသူလေးဖြစ်ပေမယ့် မိသားစုအတွက် အနစ်နာခံပြီး ခရိုင်ရဲ့အဆင့်အနိမ့်ဆုံး သက်မွေးအလယ်တန်းကျောင်း တက်နေတဲ့သူလေးဖြစ်ပါတယ် ခြေတစ်ဖက်မသန်တဲ့အဖေ ကျောင်းနေရတော့မယ့်ညီမလေးကိုငဲ့ပြီး ပညာရေးညံ့ဟန်ဆောင်ကာ ဘာသာတိုင်းမှာ အောင်မှတ်ဖိုးပဲ ဖြေခဲ့တဲ့သူ့အတွက် တစ်နေ့မှာ မထင်မှတ်ဘဲ အခွင့်အလမ်းတစ်ခုက ရောက်ရှိလာပါတော့တယ် အဲဒီအခွင့်အလမ်းကတော့ “တစ်နိုင်ငံလုံးဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲ” ဝင်ခွင့်ဖြစ်ပါတယ် ပြိုင်ပွဲမှာ အနိုင်ရရင် ဖခင်နဲ့ ညီမလေးတင်မကဘူး မိမိဘဝပါ အဆင်ပြေချောမွေ့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲကို ကျန်းဖျင်ဘယ်လိုအားစိုက်ပြီးပြိုင်မလဲ? တာ့ရှားခရိုင်ရဲ့ အနိမ့်ဆုံးကျောင်းမှာတောင် အနိမ့်ဆုံးအမှတ်ရနေကျကျောင်းသူတစ်ယောက်က တာ့ရှားကိုယ်စားပြုပြီး နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ… Read More