အချိန်ကူးပြောင်းသွားတဲ့ဇာတ်လမ်းတွေ၊ဝတ္ထုလေးထဲရောက်သွားတဲ့ဇာတ်လမ်းတွေအများကြီးကြည့်ဖူးကြမယ်ဖတ်ဖူးကြမယ်လိုထင်ပါတယ်ဒါပေမယ့်ဒီဇာတ်လမ်းလေးမှာတော့ဇာတ်လိုက်မင်းသမီးကသာမန်ဝတ္ထုထဲဝင်သွားတာမျိုးမဟုတ်ဘဲဝတ္ထုထဲကကုန်းကုန်းဘဝကိုမိန်းကလေးခန္ဓာကိုယ်နဲ့ကူးပြောင်းသွားခဲ့တာပါ
ကုန်းကုန်းအစစ်မဟုတ်တဲ့အန်းကုန်းကုန်းဟာမင်းကြီးနားမှာပူးကပ်နေရင်းကကိုယ်လုပ်တော်ရှိတာတောင်လူပျိုရည်မပျက်သေးတဲ့မင်းကြီးလူပျိုကြီးနဲ့အာဝါဟဝိဝါဟသွားခဲ့ပါတယ်ဒီလိုနဲ့ကိုယ်ဝန်ရှိလာချိန်ကိုယ်ဝန်ဖျက်ချဖိုကြိုးစားခဲ့ပေမယ့်မင်းကြီးရဲ့စနက်ကြောင့်ဖျက်ချမယ့်အကြံအစည်မအောင်မြင်ခဲ့ပါဘူး
ဒီလိုနဲ့ ကိုယ်ဝန်ဆောင်ကုန်းကုန်းလေးတစ်ယောက် နန်းတွင်းအရှုပ်တော်ပုံတွေထဲ ဘယ်လိုယက်ကန်ယက်ကန်ဖြစ်နေမလဲ နန်းတွင်းတိုက်ပွဲတွေကို ဘယ်လိုဉာဏ်ရှိရှိကျော်ဖြတ်မလဲဆိုတာကို မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “ဝတ္ထုလေးထဲက နန်းတွင်းချစ်သူ” ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါပြီ ရိုရိုချိုချိုရော စပ်စပ်ခါးခါးရော ပါတဲ့ ရသစုံလင်ဇာတ်လမ်းတွဲလေးမို လက်လွတ်မခံဖို မင်မင်အကြံပေးချင်ပါတယ်