ရှင်းမြိုကသူဌေးသမီးလေးစူးရန်ဟာရုပ်ရည်မပြည့်စုံပေမယ့်အစစအရာရာပြီးပြည့်စုံနေပြီးဘဝတက်လမ်းအများကြီးရှိနေတဲ့သခင်မလေးတစ်ယောက်ဖြစ်ပါတယ်မကြာခင်လက်ထပ်တော့မယ့်ချစ်သူဟဲ့ရှိးယန်နဲ့အတူစူးအုပ်စုရဲ့ဥက္ကဌရာထူးကလည်းရေကန်အသင့်ကြာအသင့်ဖြစ်နေတော့သူ့အတွက်အနာဂတ်ကဖြောင့်ဖြူးနေတယ်လိုပြောလိုရပါတယ်
ဒါပေမယ့် သူ့ကိုကြိတ်မနာလိုနေတဲ့သူတစ်ယောက်လည်း ရှိနေပြန်တယ် အဲဒီသူကတော့ သူ့ရဲ့အဖေတူအမေကွဲညီမဖြစ်တဲ့အပြင် စူးရန်ရဲ့ခင်ပွန်းလောင်းနဲ့ဖောက်ပြန်နေတဲ့ စူးယောင်ပဲဖြစ်ပါတယ်
လူယုံထိုးတဲ့ဓားပိုနက်တယ်ဆိုသလိုတစ်ညမှာတော့စူးရန်ဟာစူးယောင်နဲ့ခင်ပွန်းလောင်းဖြစ်သူရဲ့အကောက်ကြံမှုကြောင့်တစိမ်းအမျိုးသားတစ်ဦးနဲ့အတူအိပ်မိသွားခဲ့ပြီးမင်္ဂလာပွဲလည်းပျက်ဖခင်ဖြစ်သူရဲ့စွန့်ပစ်မှုကိုလည်းခံခဲ့ရပါတယ်
အကောက်ကြံခဲ့တဲ့စူးယောင်က စူးရန်နဲ့အိပ်မိတဲ့အမျိုးသားဟာ ရှင်းမြိုရဲ့မျက်နှာဖုံးသူဌေးကြီး လုတင်းရှောင်းဖြစ်နေကြောင်းသိသွားတဲ့အခါ ဒီထက်မက ယုတ်မာဖို ကြံစည်ပါတော့တယ်
စူးယောင်ဟာကိုယ်ဝန်ရသွားတဲ့စူးရန်ရဲ့ သားကို အတင်းလုယူပြီး သူသာလျှင် ဥက္ကဌလုနဲ့အတူအိပ်ခဲ့တဲ့သူဆိုကာ သူဌေးကတော်နေရာဝင်ယူခဲ့ပါတော့တယ် သူမသိလိုက်တဲ့အချက်က စူးရန်ရဲ့ကိုယ်ဝန်ဟာအမွှာကိုယ်ဝန်ဖြစ်နေတာပါပဲ
စူးယောင်က ဥက္ကဌလုယုံကြည်အောင် ဘယ်လိုကြိုးစားမလဲ?
စူးရန်ကရော ဆုံးရှုးလိုက်ရတဲ့သားလေးကို ဘယ်လိုပြန်လုယူမလဲ?
ဥက္ကဌလုကရော အမှန်တရားကို သိလာပါ့မလား?
မနာလိုစိတ်အားကြီးလွန်းတဲ့အခါ ဖြစ်တတ်တဲ့သဘာဝတွေ၊ သွေးက စကားပြောပုံတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ဇာတ်လမ်းတွဲလေးဖြစ်တာမို လက်လွတ်မခံဘဲ မင်မင်တို Yoyar Family က တင်ဆက်ပေးနေတဲ့ “အချစ်ရဲ့ပဲ့တင်ထပ်သံ“ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲ ဝင်ရောက်ခံစားကြည့်လိုက်ရအောင်