အဆိပ်သင့်ပန်းရိုင်း

ရှန်ရှင်းယန်ဟာ ရှန်အိမ်တော်ရဲ့သမီးတစ်ယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ လင်ကျစ်ယွမ်နဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူပါ

သူ့ဘဝကို အပြောင်းလဲကြီးပြောင်းလဲသွားစေမယ့် ညတစ်ညမှာ သူဟာ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်မှုတွေလက်ဆောင်အဖြစ် လွှအပ်ဖို ပြင်ဆင်ရင်း ခင်ပွန်းဖြစ်သူ ခေါ်ဆောင်ရာလိုက်လာခဲ့ပါတယ် အဲဒီနေ့ညမှာပဲ ခင်ပွန်းဖြစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းရွှဝေတို ဖောက်ပြန်နေတာကို သိလိုက်ရပြီ သူအချစ်ရဆုံးလူနှစ်ယောက်ရဲ့ လုပ်ကြံမှုကြောင့် ရှန်ရှင်းယန်ဟာချောက်ထဲ ပြုတ်ကျသွားခဲ့ရပါတယ်

အမြွှာညီမဖြစ်သူသေဆုံးသွားတဲ့သတင်းကို မယုံနိုင်တဲ့ ချိုးရှောင်နမ်ဟာ ညီမဖြစ်သူသေဆုံးမှုကို စုံစမ်းနိုင်ဖို ရှန်ရှင်းယန်အဖြစ် ဟန်ဆောင်နေရာဝင်ယူခဲ့ပါတယ် သေပြီထင်ထားတဲ့ ရှန်ရှင်းယန်အစစ်က မသေသေးဘဲ မျက်နှာခွဲစိတ်ပြုပြင်ပြီး ပြန်ရောက်လာချိန် မိမိနေရာဝင်ယူထားတဲ့ချိုးရှောင်နမ်ကို တွေ့တဲ့အခါ…

ပန်းပွင့်လေးလို ဖြူစင်ခဲ့တဲ့ရှန်ရှင်းယန်တစ်ယောက် ခင်ပွန်းဖြစ်သူက ဖောက်ပြန်၊ သူငယ်ချင်းက လုပ်ကြံပြီး အစ်မဖြစ်သူကပါ နေရာဝင်ယူနေတာကို သိလိုက်ရတဲ့အခါမှာတော့ ဖြူစင်တဲ့ ပန်းပွင့်ကလေး အဆိပ်ခတ်ခံလိုက်ရတဲ့အချိန် ဒီအဆိပ်ရဲ့ဒဏ်ကို သူဘယ်လောက်ထိ ခံနိုင်ရည်ရှိမှာလဲ??

ခင်ပွန်းဖြစ်သူကို အရမ်းချစ်တဲ့ ရှန်ရှင်းယန်ဟာ နောက်ဆုံးအချိန်အထိ လင်ကျစ်ယွမ်ဘက်မှာ ရှိနေဦးမှာလား??

တစ်ဖက်က အစ်မအရင်း တစ်ဖက်က ချစ်ရသူ ဘယ်သူ့စကား ရှန်ရှင်းယန်ယုံကြည်မှာလဲဆိုတာကို မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “အဆိပ်သင့်ပန်းရိုင်း”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်

0:00 / 0:00
Episode 1
Episode 2
Episode 3
Episode 4🔒
Episode 5မှ ဇာတ်သိမ်းထိ🔒