မုန့်ရှင်းယွဲဆိုတဲ့မိန်းကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အမွှာကလေး၄ယောက်မိခင်ဖြစ်နေသူပါ ချန်အုပ်စုရဲ့ဥက္ကဌ ချန်ပေချန်းရဲ့ မတရားအနိုင်ကျင့်ခြင်း ခံခဲ့ရတဲ့အပြင် တာဝန်မဲ့တဲ့လုပ်ရပ်ကြောင့် အမွှာကလေး ၄ယောက်ကို ကိုယ်တိုင်မွေးခဲ့ရပါတယ် ဒါတင်မကသေးဘူး ချန်ပေချန်းရဲ့ခိုင်းစေမှုဟုဆိုကာ အမည်မသိလူတစ်ဦးမှ မိမိ၏သားကြီးကို လုယူခံခဲ့ရပါတယ် ခင်ပွန်းမရှိဘဲ ကိုယ်ဝန်လွယ်ခဲ့ရ၍ ဖခင်ဖြစ်သူမှ စွန့်ပစ်ခြင်း ခံခဲ့ရတဲ့အပြင် သားကြီးကိုပါ လုယူခံလိုက်ရတဲ့အဖြစ်ဟာ မုန့်ရှင်းယွဲအတွက် ၅နှစ်အတွင်းဘယ်လိုမှမမေ့ဖျောက်နိုင်တဲ့အိပ်မက်ဆိုးကြီးဖြစ်နေခဲ့ပါတယ် မုန့်ရှင်းယွဲအနေနဲ့ဒီအိပ်မက်ဆိုး အဆုံးသတ်နိုင်ဖို သားကြီးကို ဖခင်ဖြစ်သူထံမှ ပြန်ရယူနိုင်ရန် အစွမ်းကုန်အားတင်းပြီး ယွင်ချန်မြိုကို ပြန်လာခဲ့ပါတယ်
မုန့်ရှင်းယွဲ ယွင်ချန်ပြန်ရောက်ချိန် အခြေအနေတွေက ဘယ်လိုပြောင်းလဲနေမလဲ??
ကိုယ်စီသိထားတဲ့အမှန်တရားတွေက တကယ်တမ်းမှာ တတိယလူရဲ့ကစားကွက်တွေသာ ဖြစ်နေခဲ့သောအခါ…
ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family က တင်ဆက်ပေးလိုက်တဲ့ “အိပ်မက်ဆိုးမှ လွန်မြောက်ချိန်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘေဘီလေးတွေကလည်း ဟာကွက်မရှိအောင်သရုပ်ကောင်းတဲ့အပြင် အရမ်းcuteလွန်းနေတာမိုလို ကလေးချစ်တတ်သူတွေအတွက် highly recommend နော်