‘ချိန်မင်ယီး’ဟာ အိုလံပစ်ကြွေစေ့ ပြိုင်ပွဲမှာ ပြိုင်ဖက်ဖြစ်သူ ဂျပန်လူမျိုး ‘ကျင်ရှန့်ကျွင့်’ကို အနိုင်ပိုင်းနိုင်ခဲ့ပြီး အငယ်ဆုံး ကြွေစေ့ ချန်ပီယံဖြစ်လာခဲ့သူပါ ဆရာဖြစ်သူ ‘ဟန်စုန်း’ ဇနီးလောင်း ‘ဟန်ချင်းချင်း’ တို့နဲ့အတူ ‘ချိန်မင်ယီး’ရဲ့ အနာဂတ် တောက်ပနေခဲ့ပါတယ်
ဒါပေမယ့် ကံတရားက မထင်ထားတဲ့အချိန်မှာ မထင်မှတ်ဘဲ ကလူကျီစယ်သွားခဲ့ပါတယ် ဆရာဖြစ်သူအသတ်ခံရပြီး သတ်တဲ့သူဟာ ‘ချိန်မင်ယီး’ပါလို့ အကွက်ဆင်ခံလိုက်ရပါတယ် မနက်ကတင် စင်ပေါ်မှာ ငွေစက္ကူတွေပြန့်ကျဲပြီး အောင်ပွဲခံနေတဲ့ ‘ချိန်မင်ယီး’တစ်ယောက် ညရောက်တော့ လူတကာနှာခေါင်းရှုံ့ ကဲ့ရဲ့ခံရတဲ့ဘဝအဖြစ် ပြောင်းလဲသွားတဲ့အခါ…
မာနကြီးတဲ့ ကြွေစေ့ဘုရင် ‘ချိန်မင်ယီး’တစ်ယောက် သူ့ကံကြမ္မာအပြောင်းအလဲမှာ ဘယ်လိုရပ်တည်ဖို့ ကြိုးစားမှာလဲ
ဇနီးလောင်း’ဟန်ချင်းချင်း’ကရော ‘ချိန်မင်ယီး’ကို ခွင့်လွှတ်နိုင်မှာလား
ဒီဇာတ်လမ်းလေးဟာ မင်မင်တို့ Yoyar Family ရဲ့ fb page တွေမှာ ပြသနေဆဲ ဇာတ်လမ်းလေးဖြစ်တာမို့ အခုပဲ link ထဲဝင်ပြီး ကြည့်ရှုခံစားလိုက်ကြရအောင်နော်