အချစ်ဆုံးသူငယ်ချင်းဆီက သစ္စာဖောက်ခံရပြီး ကလေးချင်းလဲတာ ခံခဲ့ရပေမယ့် မသိဟန်သာဆောင်ခဲ့တဲ့ စူးရော့ဟန်ဟာ သူငယ်ချင်းရဲ့ကလေးကို ကိုယ့်သမီးအရင်းလို သဘောထားပြီး စောင့်ရှောက်ပေးနေချိန် ကိုယ့်သမီးကတော့ သူငယ်ချင်းဖြစ်သူရဲ့ နှိပ်စက်ညှင်းပန်းတဲ့ဒဏ်ကို ခံနေရပါတယ် ၁၈နှစ်အကြာမှ သူငယ်ချင်းဖြစ်သူက အမှန်တရားကိုဖွင့်ချလိုက်ချိန်မှာတော့…
အခြေအနေတွေက ဘယ်လိုတွေပြောင်းလဲသွားမလဲ?
လူတွေသိရှိသွားတဲ့ အမှန်တရားအပြင် ကန့်လန့်ကာနောက်ကွယ်မှာရော ဘယ်လိုအမှန်တရားတွေ ထပ်ရှိနေဦးမှာလဲ?
လောဘမီးလောင်မြိုက်ပြီး မနာလိုစိတ်အားကြီးသွားလွန်းတဲ့အခါ ကိုယ်ရှိတဲ့မီးရဲ့အပူဒဏ်ကို ကိုယ်ပြန်ခံရတတ်တဲ့အကြောင်း ဒီဇာတ်လမ်းလေးက ပြောပြနေခဲ့တာပါ ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “ကန့်လန့်ကာနောက်ကွယ်က အမှန်တရား”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှု ခံစားနိုင်ပါပြီ