ဒေါက်တာပိုင်ဟာ နာမည်ကျော်ခွဲစိတ်ဆရာဝန်မကြီးတစ်ဦးဖြစ်ပြီး အလုပ်အရမ်းကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ အလုပ်အရမ်းများလွန်းလို မူးမေ့လဲသွားရာမှ ရှေးခေတ်ကို အချိန်ကူးပြောင်းပြီး အပယ်ခံမိဖုရားတစ်ပါးသွားဖြစ်ပါတော့တယ်
မင်းသားကို အရမ်းချစ်ပေမယ့် မင်းသားရဲ့အချစ်ကို မရရှိဘဲ ညီမဖြစ်သူရဲ့ အကောက်ကြံခြင်းကိုသာ အမြဲခံနေရတဲ့ “စူးယွင်ဟယ်” ရဲ့ခန္ဓာကိုယ်ထဲ ထက်မြက်ပြီး အချစ်ရေး စိတ်မဝင်စားတဲ့ “ဒေါက်တာပိုင်“ရောက်ရှိလာတဲ့အခါမှာတော့ ဇာတ်လမ်းက ဘယ်လိုပြောင်းလဲသွားမလဲ??
ဒေါက်တာကရော လက်ရှိခေတ်ကို ပြန်ရောက်လာနိုင်မလား??
မင်းသားကရော အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ စူးယွင်ဟယ်အသစ်ကို သတိထားမိလာမလား??
“စူးယွင်ဟယ်“ရဲ့ အတိတ်မှာ ဘယ်လိုပတ်သက်မှုတွေရှိနေခဲ့တာလဲ??
စတဲ့မေးခွန်းပေါင်းများစွာနဲ့ ရှုပ်ထွေးလွန်းလှတဲ့ နန်းတွင်းဘဝထဲ အလည်သွားချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family ကတင်ဆက်တဲ့ ဇာတ်လမ်းလေးထဲ ဝင်ရောက်ကြည့်ရှုလိုက်ကြရအောင်