မိဘတိုင်းကတော့ သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြမှာပဲ ကိုယ့်သားသမီးအတွက် အကောင်းဆုံးတွေ လုပ်ပေးချင်ကြမှာပဲ ဒါပေမယ့် ကိုယ့်ဘက်က အကောင်းဆုံးထင်ပြီးပေးလိုက်တဲ့အရာတွေ ဆုံးဖြတ်ချက်တွေက ကိုယ့်သားသမီးအတွက် သိမ်ငယ်စရာတွေ၊ စိတ်ဒဏ်ရာတွေပဲ ဖြစ်သွားတတ်ပါတယ်
ဒီဇာတ်လမ်းကို ရှုထောင့်နှစ်ခုကနေ ကြည့်လိုရတယ် တစ်ခုက ကျန်းတယွမ်ရဲ့ အဖေနေရာရှုထောင့်… ကျန်းတယွမ်ဟာ အရည်အချင်းရှိပြီးထက်မြက်တဲ့လုပ်ငန်းရှင်တစ်ယောက်… နှစ်ပေါင်းများစွာ စီးပွားရေးပြိုင်ဆိုင်မှုတွေကြားမှာ ရုန်းကန်ရင်း အနိုင်ယူလာခဲ့တဲ့သူတစ်ယောက်… မိန်းမဆုံးပြီး သားလေးကျန်ခဲ့တဲ့အချိန်မှာတော့ သူ့သားကို သူ့လိုပြိုင်ဆိုင်မှုတွေကြားမှာပဲ ဘဝကိုမနစ်မွန်းစေချင်ဘူး သာမန်လူတစ်ယောက်လိုပဲ ဖြတ်သန်းစေချင်တယ် ဒါကြောင့် သူ့သားဘဝတစ်လျှောက်လုံး သူ့ရဲ့သူဌေးဘဝကို ကြောင်လက်သည်းဖွက်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်
တစ်ဖက်မှာလည်းသားဖြစ်သူကျန်းရှီဟာဆင်းရဲလွန်းလိုအပေါင်းအသင်းဆွေမျိုးတွေကြားမှာအနှိမ်ခံဘဝနဲ့ကြီးပြင်းလာခဲ့ရပါတယ်ဖခင်ဖြစ်သူရဲ့သွေးအပြည့်ရှ်တဲ့ကျန်းရှီဟာအနှိမ်ခံရမှုတွေကြောင့်မခံချင်စိတ်တွေရုန်းထလာပြီးအထက်ကိုတက်နိုင်ဖိုအသဲအသန်ကြိုးစားပါတော့တယ်
ကျန်းရှီတစ်ယောက် သူ့ရည်မှန်းချက်အတိုင်း လူတွေရဲ့ လေးစားအားကျမှုကို ရလာနိုင်မလား?? ကျန်းတယွမ်ကရော စိတ်ပြောင်းသွားဖိုရှိမလား?? မိတ်ဆွေတိုရော ဘယ်လိုမြင်ကြလဲ “သားသမီးကို အပင်ပန်းခံခိုင်းပြီး ပျိုးထောင်တာကောင်းလား” မိတ်ဆွေတိုရဲ့အမြင်လေးတွေကို ပြောပေးသွားကြပါဦးနော်