ဒီဇာတ်လမ်းလေးကိုတော့ ဟော့အိမ်တော်ရဲ့ ဥက္ကဌ ဟော့ပေချန်နဲ့ သူ့ရဲ့မုန်းတီးခြင်းကို တစ်ဖက်သတ်ခံနေရတဲ့ ကုယန်ရှီဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ အစပြုထားတာပါ
ကုယန်ရှီဟာ တစ်ချိန်က ကုအိမ်တော်ရဲ့ နာမည်ကျော်သခင်မလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကျောက်ကပ်တစ်လုံးက ဆုံးရှုးပြီး ပညာရေးဘွဲမှန်သမျှ ငွေကြေးမှန်သမျှ freeze လုပ်ခံထားရတဲ့အတွက်ပိုင်ဆိုင်မှုဘာဆိုဘာမှမရှိလူ့အောက်ကျတဲ့လူတစ်ယောက်ဖြစ်နေခဲ့ရပါပြီဒါတွေအကုန်လုံးကိုလုပ်ခဲ့တဲ့သူကတော့ဟော့ပေချန်ပါ
ဟော့ပေချန်ဘာလို ဒီလောက်ထိ ကုယန်ရှီကို မုန်းတီးနေခဲ့ရတာလဲ??
ဟော့ပေချန်ရဲ့အားနည်းချက်ကိုချောင်းနေတဲ့ ဟော့ရှီကျိုးကရော ဒီဇာတ်လမ်းထဲ ဘယ်လိုတွေပါဝင်လာမှာလဲ??
ကုယန်ရှီရဲ့ ကျောက်ကပ်ကို ထုတ်ခဲ့တဲ့သူက တကယ်ပဲ ဟော့ပေချန်ဟုတ်ရဲ့လား??
မေးခွန်းပေါင်းများစွာနဲ့ လျိုဝှက်ချက်များလွန်းတဲ့ ဒီဇာတ်လမ်းလေးက ကြည့်ရှုသူဖန်ဖန်လေးတိုအတွက် ရသမျိုးစုံပေးနိုင်မှာ အမှန်ပါပဲ ဒီဇာတ်လမ်းလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “အချစ်ထောင်ခြောက် “ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှု ခံစားပေးကြပါဦး