ကာရံလွဲတဲ့ ချစ်ခြင်းကဗျာ

ကုချန်နဲ့အန်းကျစ်တိုဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အနစ်နာခံပေးဆပ်ချစ်ကြတဲ့သူတွေဖြစ်ပါတယ် အန်းကျစ်ရဲ့အမေက ကင်ဆာရောဂါကို ခံစားနေရတဲ့သူဖြစ်ကာ အဲဒီရောဂါအတွက် ဆေးကုသဖို ကုန်ကျစရိတ်ကိုတော့ ကုချန်က အပင်ပန်းခံရှာဖွေထောက်ပံ့နေခဲ့ပါတယ်

ကုချန်ရဲ့အနစ်နာခံမှုတွေကို အန်းကျစ်ရဲ့မိခင်က မြင်နေရတဲ့အပြင် သူ့ရောဂါက မျိုးရိုးလိုက်တတ်တာကို သိနေတဲ့အတွက် ကုချန်ကို အားနာပြီး အန်းကျစ်ကို ကုချန်နဲ့လမ်းခွဲဖို ဖြောင့်ဖြပါတော့တယ် နောက်ဆုံးမှာတော့ အန်းကျစ်ဟာ မိခင်ရဲ့ဖြောင့်ဖြမှုနဲ့ ကုချန်ကို လမ်းခွဲခဲ့ပါတယ် အချစ်ကြီးသ‌လိုအမျက်ကြီးသွားတဲ့ ကုချန်ဟာ အန်းကျစ်ကို ငွေမက်တဲ့မိန်းမအဖြစ် ရွံရှာမုန်းတီးသွားပြီး မရမကလက်ထပ်ယူကာ လက်စားချေဖို ကြိုးစားပါတော့တယ်

မိမိကြောင့် ချစ်ရသူကို ဝန်မပိစေလိုဘဲ လမ်းခွဲခဲ့ပေမယ့် မပြတ်နိုင်တဲ့သံယောဇဉ်တစ်မျှင်ကြောင့် ex ကို ပြန်လက်ခံခဲ့တဲ့အန်းကျစ်

မိမိဖက်က အစစအရာရာအနွံတာခံပြီး ပေးဆပ်ချစ်ခဲ့ပေမယ့် ချစ်ရသူဆီက ရက်ရက်စက်စက် လမ်းခွဲစကားကြောင့် စိတ်အနာကြီးနာပြီး အရွဲတိုက်ဖို ကြိုးစားခဲ့တဲ့ကုချန်

နှစ်ဦးကြား နင့်သည်းတဲ့အချစ်တွေရှိနေပေမယ့် ကိုယ်စီဒဏ်ရာတွေနဲ့ သူတိုနှစ်ဦးဟာ ကာရံလွဲအချစ်ကဗျာတစ်ပုဒ်လို အချစ်နဲ့ပဲ ဇာတ်သိမ်းမလား အ‌လွမ်းနဲ့ပဲ ဇာတ်သိမ်းမလားဆိုတာကို မင်မင်တိုအတူတူ ရင်ခုန်ခံစားကြည့်လိုက်ကြရအောင်နော်

 

0:00 / 0:00
Episode 1
Episode 2
Episode 3
Episode 4🔒
Episode 5🔒
Episode 6🔒
Episode 7🔒
Episode 8🔒
Episode 9🔒
Episode 10🔒
Episode 11🔒
Episode 12🔒
Episode 13🔒
Episode 14🔒
Episode 15🔒
Episode 16🔒
Episode 17 END 🔒