မေတ္တာတွေထဲမှာ ပေါပေါများများရသလောက်တန်ဖိုးမထားမိတာဆိုလို့ မိခင်မေတ္တာပဲရှိပါတယ် အမေဖြစ်သူက မျက်စိတစ်ဖက်လပ်၊ ခြေတစ်ချောင်းကျိုးနေတဲ့သူဆိုပြီး ငြိုငြင်ခဲ့ အရှက်ရခဲ့တဲ့ ဟွေ့ဝိန်လေးဟာ အမေ့အသုဘမှာမှ အမေဒုက္ခိတဖြစ်ရတဲ့အကြောင်းရင်းကို သိလိုက်ရပါတယ်
လူမဆန်တဲ့အဘိုးကြောင့် မျက်စိကန်းခဲ့ရပြီး အတ္တကြီးလွန်းတဲ့အဖေကြောင့် ခြေထောက်ကျိုးခဲ့ရတဲ့ အမေဖြစ်သူရဲ့ဘဝကို ရင်နာနာနဲ့ သိခဲ့ရပြီးတဲ့အချိန်မှာ ဖခင်ဖြစ်သူရဲ့ယုတ်မာမှုကြောင့် အတိတ်ကိုပြန်ရောက်သွားခဲ့ရပါတယ်
ချုံဟွေးဝိန် ရောက်သွားတဲ့အတိတ်ကာလဟာ မိခင်ဖြစ်သူကျောက်ရှောင်လိကို အဘိုးဖြစ်သူက မျက်စိဖောက်ပစ်မယ့်နေ့ရက်အချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်
မိခင်ဖြစ်သူအပေါ် တာဝန်မကျေခဲ့မိတဲ့ဟွေးဝိန်ဟာ မိမိရဲ့အပြစ်ကြွေးတွေကို ဘယ်လိုပေးဆပ်ဖို့ ကြိုးစားမှာလဲ မိခင်ဖြစ်သူရဲ့ ဆိုးဝါးလှတဲ့အနာဂတ်ကိုရော ကယ်တင်ပေးနိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်