Episode တွေနှိပ်လို့မရပါက ဒီခလုတ်လေးနှိပ်ပေးပါ
ဒီဇာတ်ကားကတော့ ဇာတ်လမ်းတိုသရုပ်ဆောင် ကျန်းရှီချီးနဲ့ ဦးလေးကြီးဝမ်သောင့်ထျယ်တိုရဲ့ ဦးနဲ့သမီးဇာတ်လမ်းလေးဖြစ်ပါတယ် ငယ်စဉ်က ဂြိုလ်သစ်ရှာဖွေရေးပရောဂျက်မှာ မိဘနှစ်ပါးလုံးကို ဆုံးရှုးလိုက်ရတဲ့ ကလေးမလေး ရူယိ(ကျန်းရှီချီး)ဟာ မိမိကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ ဦးလေးကြီးနင်ကျစ်ကျိုးအပေါ် သံယောဇဉ်တွယ်လာခဲ့ပါတယ် မိဘမဲ့တစ်ကောင်ကြွက်လေးရူယိအတွက် ဦးသာလျှင် တစ်ခုတည်းသော မှီခိုရာဖြစ်တဲ့အတွက် ဦးအပေါ်ထားတဲ့ရူယိလေးရဲ့သံယောဇဉ်တွေဟာ တဖြည်းဖြည်းအရောင်ပြောင်းလာခဲ့ပါတယ် ဒီလိုနဲ့ မွေးနေ့မှာ ဦးကိုအရဲစွန့်ဖွင့်ပြောခဲ့ပေမယ့် ဦးဆီက ငြင်းဆန်မှုတွေသာ ရရှိခဲ့ပါတယ် ဒါပေမယ့် အချစ်ရူးမလေးရူယိတစ်ယောက် လက်မလျှော့ခဲ့ပါဘူး မွေးနေ့တစ်ခါရောက်တိုင်း ဦးကို တစ်ခါဖွင့်ပြောရင်း အသက်၂၄နှစ်ပြည့်မွေးနေ့အထိ ရောက်ရှိလာခဲ့ပါတယ် ဒီတစ်ခေါက်မွေးနေ့မှာရော ရူယိလေးအငြင်းခံရဦးမှာလား?? ဦးလေးကြီးနင်ကျစ်ကျိုးကရော ဘာလိုဒီလောက်ခါးခါးသီးသီးငြင်းဆန်နေခဲ့တာလဲ?? ဦးနဲ့သမီးရဲ့ အရွယ်မတူချစ်ဇာတ်လမ်းလေး စောင့်ထိန်းရမယ့်သိက္ခာတွေ ကျင့်ဝတ်တွေကြားက ထိန်းမရဘဲ ပွင့်ထွက်လာခဲ့တဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေကို ငြိမ့်ငြိမ့်လေး ခံစားကြည့်ရှုရမှာဖြစ်တဲ့အတွက် လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်