ခယောင်းလမ်းမှာပွင့်တဲ့ တော်ဝင်ပန်း wai yan, April 9, 2025 ဒီဇာတ်လမ်းလေးက တခြားမြင်နေကျဇာတ်လမ်းတွေလိုမျိုးပဲ ဝတ္ထုလေးထဲကို ကူးပြောင်းသွားတဲ့ စာရေးဆရာမတစ်ယောက်အကြောင်း ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ် ဒါပေမယ့် တခြားဇာတ်လမ်းတွေနဲ့မတူတဲ့အချက်က အချစ်ဦးစားပေးဇာတ်လမ်းမဟုတ်ဘဲ အမျိုးသမီးဇာတ်ကောင် မုဝမ်ချိုးဟာ မိခင်ဖြစ်သူနဲ့ သူ့ရဲ့ အသက်ဘေးကို ရှောင်ရှားပြီး ဇာတ်သိမ်းထိ သွားနိုင်ဖို့ကိုပဲ ရည်ရွယ်ကြိုးစားနေခဲ့တာပါ မိခင်နဲ့အတူ ဇာတ်သိမ်းထိ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ နန်းတွင်းအာဏာကစားပုံတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး ဒါဆို မုဝမ်ချိုးတစ်ယောက် သာမန်နန်းတွင်းသူအခိုင်းအစေဘဝကနေ မိဖုရားအဆင့်ထိ ဘယ်လိုတက်သွားမလဲ အန္တရာယ်တွေကြုံလာတဲ့အခါ ဘယ်လိုဉာဏ်ရှိရှိ ရှောင်ရှားသွားလဲဆိုတာ သိရအောင် မင်မင်တို့ Yoyar Family ကတင်ဆက်လိုက်တဲ့ “ခယောင်းလမ်းမှာ ပွင့်တဲ့ပန်း” ဇာတ်လမ်းတွဲလေးကို အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ရအောင် Series
Series ပါရမီရှင်ကျောင်းသူလေး April 24, 2025May 20, 2025 ပရိသတ်တို့ထဲမှာ ပညာရေးထူးချွန်ပါလျက်နဲ့ မိသားစုအတွက် တက်လမ်းကို လက်လွှတ်ခဲ့ဖူးတဲ့သူတွေရှိလား?? တကယ်လို့ ရှိခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းလေးက မိတ်ဆွေနဲ့ တစိတ်တပိုင်း သက်ဆိုင်နေမှာပါ ကျန်းဖျင်ဟာ သင်္ချာမှာ သူမတူအောင် ထူးချွန်တဲ့ပါရမီနဲ့ မွေးဖွားလာခဲ့တဲ့ကျောင်းသူလေးဖြစ်ပေမယ့် မိသားစုအတွက် အနစ်နာခံပြီး ခရိုင်ရဲ့အဆင့်အနိမ့်ဆုံး သက်မွေးအလယ်တန်းကျောင်း တက်နေတဲ့သူလေးဖြစ်ပါတယ် ခြေတစ်ဖက်မသန်တဲ့အဖေ ကျောင်းနေရတော့မယ့်ညီမလေးကိုငဲ့ပြီး ပညာရေးညံ့ဟန်ဆောင်ကာ ဘာသာတိုင်းမှာ အောင်မှတ်ဖိုးပဲ ဖြေခဲ့တဲ့သူ့အတွက် တစ်နေ့မှာ မထင်မှတ်ဘဲ အခွင့်အလမ်းတစ်ခုက ရောက်ရှိလာပါတော့တယ် အဲဒီအခွင့်အလမ်းကတော့ “တစ်နိုင်ငံလုံးဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲ” ဝင်ခွင့်ဖြစ်ပါတယ် ပြိုင်ပွဲမှာ အနိုင်ရရင် ဖခင်နဲ့ ညီမလေးတင်မကဘူး မိမိဘဝပါ အဆင်ပြေချောမွေ့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲကို ကျန်းဖျင်ဘယ်လိုအားစိုက်ပြီးပြိုင်မလဲ? တာ့ရှားခရိုင်ရဲ့ အနိမ့်ဆုံးကျောင်းမှာတောင် အနိမ့်ဆုံးအမှတ်ရနေကျကျောင်းသူတစ်ယောက်က တာ့ရှားကိုယ်စားပြုပြီး နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ… Read More
Series ( တုနှိုင်းမဲ့ ကြွေစေ့ဘုရင် ) ကြွေစေ့ဘုရင်ရဲ့ ဂုဏ်သိက္ခာဆယ်တဲ့ပွဲ May 11, 2025May 20, 2025 Read More