Episode တွေနှိပ်လို့မရပါက ဒီခလုပ်လေးနှိပ်ပေးပါ
9. အချစ်စုံထောက် စုံထောက်မလေးလင်းယန်ဟာ အပျော်စီးသင်္ဘောပေါ်မှာ ဆေးခတ်ခံရပြီး သူနဲ့အလားတူဆေးခတ်ခံထားရတဲ့ အထူးစုံထောက်တစ်ယောက်နဲ့ One night Stand မိခဲ့ပါတယ် One night Stand ရုံဆိုပေမယ့် အဲဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲဟာ တစ်ညနဲ့မပြီးပြတ်သွားခဲ့ဘဲ ကိုယ်ဝန်ရပြီး ဉာဏ်ကြီးရှင် ကလေးတစ်ယောက်ကိုပါ မွေးခဲ့ရတာမို့ စုံထောက်မလေးဟာ ကိတ်မုန့်ဆိုင်လေးတစ်ခုဖွင့်ပြီး သားအမိနှစ်ယောက် ဘဝကို ရုန်းကန်ခဲ့ရပါတယ် တစ်နေ့ ကြင်ဖက်ရဲ့နှိမ့်ချခြင်းကို ခံနေရတဲ့ မူလတန်းကျောင်းဆရာလေးကို ကယ်တင်မိရာက အကြောင်းပါပြီး လက်ထပ်ဖြစ်ခဲ့ပါတယ် အမှန်တကယ်တော့ အဲဒီမူလတန်းကျောင်းဆရာလေးဟာ နောက်ခံကိုဖုံးကွယ်ပြီးနေနေတဲ့ ထိပ်တန်းသူဌေးကြီးဖြစ်နေရုံမက အဲဒီညက အတူနေခဲ့တဲ့ အထူးစုံထောက်ပါ ဖြစ်နေသောအခါ... လျို့ဝှက်ချက်ကိုယ်စီနဲ့သူတို့နှစ်ယောက် ကိုယ်စီနောက်ခံကို ဖုံးဖိနေကြရင်း ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲဆိုတာ တရုတ်ဇာတ်လမ်းတွေထုံးစံအတိုင်း ဒရာမာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာမို့လို့ အခုပဲ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ "အချစ်စုံထောက်"ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှုလိုက်ကြပါစို့