ဇာတ်လမ်းလေးကိုတော့ ထရန်းချင်းအုပ်စုဥက္ကဌကတော် စူးထုန်နဲ့ မွေးကင်းစသမီးလေးတို့ ဥက္ကဌနဲ့တွေ့ဖို့ ကားနဲ့လာရာက လုပ်ကြံခံရပုံနဲ့ အစပြုထားပါတယ် စူးထုန်တစ်ယောက် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေးချင်းအလဲခံရတဲ့အပြင် ဝိဉာဉ်ပါလွင့်ထွက်သွားခဲ့ရပါတယ် ၇နှစ်ကြာသွားတဲ့အထိ အမှန်တရားက မပေါ်ပေါက်နိုင်သေးဘဲ သမီးအရင်းမဟုတ်သူ ကျစ်ချင်က ရွှေဇွန်းကိုက်ပြီး ကြီးပြင်းနေရချိန် သမီးအရင်းဖြစ်သူ ရှောင်ရှီးမှာတော့ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရရှာပါတယ်
သူဌေးသမီးဘဝကို အလုခံလိုက်ရတဲ့ ရှောင်ရှီးလေး ကိုယ့်ရဲ့ သရုပ်မှန်ကို ပြန်ရနိုင်ပါ့မလား?
ကလေးချင်းလုသွားတဲ့သူတွေကရော ဘယ်သူတွေလဲ?
အစားထိုးနေရာယူထားတဲ့ ကျစ်ချင်ကရော ဘာတွေဖြစ်လာမှာလဲ
မွေးစကတည်းက အကောက်ကြံခံရရှာတဲ့ ရှောင်ရှီးလေးကို စူးထုန်ရဲ့ဝိဉာဉ်က ဘယ်လိုအဖော်ပြုစောင့်ရှောက်ပေးသွားမလဲဆိုတာ သိရှိချင်တယ်ဆိုရင်တော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “လျို့ဝှက်အဖော်မွန်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင်