ချမ်းသာခြင်းနတ်ဘုရားမလေး wai yan, April 9, 2025 ကောင်းကင်ဘုံပေါ်က အားလုံးရဲ့အချစ်ခံ ချမ်းသာခြင်းနတ်ဘုရားမလေးဟာ အရင်ဘဝကပျောက်ဆုံးသွားခဲ့တဲ့မိဘတွေကိုရှာဖွေဖို့ လူ့လောကကို ဆင်းလာခဲ့ပါတယ် လူ့လောကမှာတော့ မိဘတွေဟာ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံဖြစ်ကြသေးဘဲ ပင်ပန်းဆင်းရဲစွာ ဘဝကို ရုန်းကန်နေရရှာပါတယ် ဖခင်ဖြစ်သူချန်ကျန့်ကတော့ လက်ရှိမှာ စုန့်ဝိန်ယွီဆိုတဲ့ ချစ်သူကောင်မလေးကိုအမ်းဖို့ လုံခြုံရေးအစောင့်လုပ်ရင်း ပင်းပန်းစွာငွေရှာနေရပါတယ် မိခင်ဖြစ်သူလျိုချင်းယာကတော့ ဖန်းဟောက်အင်တာနေရှင်နယ်ဘဏ်တစ်ခုရဲ့ ဝန်ထမ်းအဖြစ်နဲ့ အသားယူအနိုင်ကျင့်တာတွေ ခံနေရပါတယ် ဒီလိုမျိုး နိမ့်ပါးတဲ့အခြေအနေကိုရောက်နေတဲ့ဖခင်နဲ့ မိခင်ကို ချမ်းသာခြင်းနတ်ဘုရားမလေး ချိုက်ချိုက် ဘယ်လိုကယ်တင်ပေးမလဲဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “ချမ်းသာခြင်းနတ်ဘုရားမလေး” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် Series
Series ယောက္ခနဲ့ချွေးမကြားက အစိုင်အခဲ April 24, 2025May 20, 2025 ဒီဇာတ်လမ်းလေးက မကြာခင်အိမ်ထောင်ပြုကြမယ့် မမတို့အတွက် alert လေးတစ်ခုဖြစ်ပါတယ် ချစ်သူအရွေးမှားတာက ကိစ္စမရှိပေမယ့် အိမ်ထောင်ဖက်အရွေးမှားရင်တော့ ဘဝတစ်လျှောက်လုံး ဒုက္ခတွေ့နိုင်ပါတယ် ကိုယ့်ဘက်ကအချစ်အတွက်ဆိုပြီး ဘဝရည်မှန်းချက်တွေစွန့်လွှတ်ပြီး ပေးဆပ်ခဲ့ပေမယ့် တစ်ဖက်မှာတော့ မိသားစုအကျိုးအမြတ်အတွက် ကိုယ့်ကို အသုံးချနေတဲ့အခါ… မိတ်ဆွေတို့ဆီမှာ သူငယ်ချင်းတွေ ဘယ်လိုတားတားမရဘဲ မကောင်းတဲ့သူမားမားဘွိုင်းကိုမှ တန်းတန်းစွဲဖြစ်နေတဲ့ သူငယ်ချင်းပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ယောက္ခမနဲ့ ချွေးမကြားကအစိုင်အခဲ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုသာ နားရွက်ဆွဲပြီး လာကြည့်ခိုင်းလိုက်တော့နော် Read More
Series အမုန်း၌ဖြစ်တည်သော အချစ် April 9, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Read More
Series ၃၀ကျော်အချစ် April 24, 2025May 20, 2025 “မိဘတွေကသားသမီးတွေအပေါ် တန်းတူချစ်ကြတယ်”တဲ့ ဒါမိဘတိုင်း ပြောနေကြစကားပါ ဒါပေမယ့် ဒီစကားက တချိုအတွက်တော့ လှောင်ပြုံးစရာ နာကျင်စရာဖြစ်နေတတ်တယ် အဖေတစ်ယောက်တည်းက မွေးခဲ့တဲ့ သမီးချင်းအတူတူ အမြဲအပြစ်တင်ခံရ အနှိမ်ခံရတဲ့အပြင် နောက်ဆုံး ဖခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းပါခံလိုက်ရတဲ့ ချင်အိမ်တော်မမလေး ချင်ရှင်းဟာ အဖိုးဖြစ်သူဆုံးပါးပြီးကတည်းက ခိုကိုးရာမဲ့ဘဝနဲ့ မိသားစုရဲ့အနှိမ်ခံဖြစ်ခဲ့သူပါ မိုးရေတွေရွှစိုနေတဲ့ ဒီလေလွင့်ကြောင်လေးလိုဖြစ်နေတဲ့ ချင်ရှင်းရဲ့ ဘဝကို အနွေးဓာတ်ပေးဖို ရောက်လာတဲ့သူကတော့ ကျန်းအုပ်စုရဲ့ ဥက္ကဌကြီး ကျန်းမင်ဖြစ်ပါတယ် အသက်၃၀ကျော်အထိ လူပျိုကြီးဘဝနဲ့ စီးပွားရေးကိုပဲ အာရုံစိုက်နေခဲ့တဲ့ ဦးလေးကြီးနဲ့ နုနယ်ငယ်ရွယ်တဲ့ အပယ်ခံမလေး ချင်ရှင်းတို ဘယ်လိုတွေ တွေ့ဆုံကြမလဲ ချင်ရှင်းက ဦးလေးကြီးရင်ထဲ ဘယ်လိုနေရာဝင်ယူသွားမလဲဆိုတာကိုတော့ မင်မင်တို Yoyar Family က တင်ဆက်လိုက်တဲ့ “၃၀ကျော်အချစ်”… Read More