Skip to content
YoYar VIP
YoYar VIP

  • Home
  • Series
  • Register
  • Login
  • VIP Premium
YoYar VIP

မရှိထိုက်တဲ့သားမိုက်

wai yan, April 9, 2025April 10, 2025

“ကျွန်ယုံရင်တစ်ဖက်ကန်း၊ သားသမီးယုံရင် စုံလုံးကန်း” ဆိုတဲ့စကားပုံဟာ ကျေးတောရွာက သားတစ်ယောက်အမေမုဆိုးမ လျိုကွေ့ဟွားအတွက် ဖြစ်နေခဲ့ပါတယ် နာမည်ကသာ ‌လှပတဲ့ကွေ့ဟွားပန်း(ပင်လုံးက်ြိုင်ပန်းလေး)ဖြစ်နေပေမယ့် လျိုကွေ့ဟွားရဲ့ ဘဝကတော့ မလှပခဲ့ပါဘူး သားဖြစ်သူ လျိုတုံးယန်ကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ရင်း သားဖြစ်သူပညာသင်စရိတ်အတွက် ကေ ျာက်ကပ်ထုတ်ရောင်းလိုက်၊ မျက်ကြည်လွှာရောင်းလိုက်၊ သွေ းလှူလိုက်လုပ်ရင်း သားဖြစ်သူကို ပညာသင်ပေးခဲ့ပါတယ် ဒါပေမယ့် သားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာတော့ မိခင်ဖြစ်သူကို ပြန်မပြုစုတဲ့အပြင် မိခင်အဖြစ်ပါအသိအမှတ်မပြုခဲ့ပါဘူး

တစ်ဖက်မှာလည်း တိကျင်းအုပ်စုဥက္ကဌ လျိုရှန့်နန်ဟာ မွေးစားအမေဖြစ်သူ လျိုကွေ့ဟွားကို ရှာဖွေဖို့ ကျန်းချန်မြို့ကိုရောက်လာခဲ့ပါတယ် လမ်းပေါ်အမှတ်မထင်ကယ်တင်ခြင်းခံခဲ့ရတာမို့ သူတို့နှစ်ဦးကြားက အဆက်အသွယ်အဖြစ် ကျောက်စိမ်းပြားလေးသာ ရှိခဲ့ပါတယ်

သားဖြစ်သူရဲ့အသိအမှတ်မပြုခံရတဲ့လျိုကွေ့ဟွားတစ်ယောက် ချွေးမလုပ်သူရဲ့ ဘယ်လိုအငြိုးထားနှိ.ပ်စက်ခြင်းခံရမလဲ??

မိခင်နဲ့ စည်းစိမ်ကြား ဝေခွဲမရဖြစ်နေတဲ့ မရှိထိုက်တဲ့သားမိုက် လျိုတုံးယန်ကရော အဆုံးထိ မိခင်ကို လစ်လျူရှုထားဦးမလားဆိုတာ မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့ “မရှိထိုက်တဲ့သားမိုက်” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါပြီ

Series

Post navigation

Previous post
Next post

Related Posts

Series

ဉာဏ်ကြီးရှင်စားဖိုမှူးရဲ့ ဘဝအလှည့်အပြောင်း

April 9, 2025April 9, 2025
Read More
Series

အသစ်တစ်ဖန်မွေးဖွားခြင်း

May 6, 2025May 20, 2025

ဒီတစ်ခါကတော့ နှစ်ထပ်ကွမ်းပြန်လည်မွေးဖွားတဲ့ဇာတ်လမ်းပဲ ဒီဘက်ခေတ်ရဲ့ ဒေါက်တာမလေး ကုဝမ်ချင်းဟာ ဆေးသေတ္တာနဲ့အတူ ရှေးခေတ်ကို ပြန်ရောက်သွားပြီး အိမ်ရှေ့စံမင်းသား လင်ချီးယဲ့ရဲ့ မိဖုရားဖြစ်ခဲ့ပါတယ် ဒါပေမယ့် အိမ်ရှေ့စံက ကုဝမ်ချင်းကို ချစ်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာမဟုတ်ဘဲ ကုဝမ်ချင်းရဲ့ နောက်ခံအင်အားကိုအသုံးချပြီး အာဏာရယူဖို့ လက်ထပ်ခဲ့တာဖြစ်ပါတယ် ကုဝမ်ချင်းဟာ အိမ်ရှေ့စံအပေါ် မေတ္တာမှန်ခဲ့ပေမယ့် သစ္စာဖောက်ခြင်းခံရတဲ့အပြင် အစ်မလုပ်သူရဲ့ အကောက်ကြံမှုကိုခံရ၊ မိမိအပေါ် အချစ်စစ်နဲ့ချစ်တဲ့ မင်းသား လင်စန်းချန်ကိုပါ ဆုံးရှုံးရပြီး သေသွားခဲ့ရပါတယ် ကုဝမ်ချင်းတစ်ယောက် ရှေးခေတ်မှာပဲ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခွင့်ရလာတဲ့အခါ… ကုဝမ်ချင်း အိမ်ရှေ့စံနဲ့ အစ်မဖြစ်သူ ကုယာအာတို့အပေါ်အာဃာ‌တတွေ ဘယ်လိုဖြေဖျောက်မလဲ? သူ့အပေါ်မေတ္တာမှန်နဲ့ချစ်တဲ့ ဝမ်ယယ်လင်စန်းချန်ကိုရော ဘယ်လိုလက်လွတ်မခံရအောင် ကြိုးစားမလဲဆိုတာတွေကို မင်မင်တို့ Yoyar Family က တင်ဆက်လိုက်တဲ့…

Read More
Series

ယောက္ခနဲ့ချွေးမကြားက အစိုင်အခဲ

April 24, 2025May 20, 2025

ဒီဇာတ်လမ်းလေးက မကြာခင်အိမ်ထောင်ပြုကြမယ့် မမတို့အတွက် alert လေးတစ်ခုဖြစ်ပါတယ် ချစ်သူအရွေးမှားတာက ကိစ္စမရှိပေမယ့် အိမ်ထောင်ဖက်အရွေးမှားရင်တော့ ဘဝတစ်လျှောက်လုံး ဒုက္ခတွေ့နိုင်ပါတယ် ကိုယ့်ဘက်ကအချစ်အတွက်ဆိုပြီး ဘဝရည်မှန်းချက်တွေစွန့်လွှတ်ပြီး ပေးဆပ်ခဲ့ပေမယ့် တစ်ဖက်မှာတော့ မိသားစုအကျိုးအမြတ်အတွက် ကိုယ့်ကို အသုံးချနေတဲ့အခါ… မိတ်ဆွေတို့ဆီမှာ သူငယ်ချင်းတွေ ဘယ်လိုတားတားမရဘဲ မကောင်းတဲ့သူမားမားဘွိုင်းကိုမှ တန်းတန်းစွဲဖြစ်နေတဲ့ သူငယ်ချင်းပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ယောက္ခမနဲ့ ချွေးမကြားကအစိုင်အခဲ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုသာ နားရွက်ဆွဲပြီး လာကြည့်ခိုင်းလိုက်တော့နော်

Read More

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2025 YoYar VIP | WordPress Theme by SuperbThemes