အမုန်း၌ဖြစ်တည်သော အချစ် wai yan, April 9, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Series
Series ပျောက်ဆုံးသွားသော သတိုသမီး April 9, 2025 လျန်ယွင်ကဲဟာ အပူအပင်မရှိ ကြောင့်ကြစရာမရှိတဲ့ မိန်းကလေးတစ်ယောက်ပါ နွေးထွေးကြင်နာတတ်တဲ့အစ်မဖြစ်သူ မုယွဲ့ဖူနဲ့ အသေးစိတ်ကအစဂရုစိုက်ပေးတတ်ပြီး သူ့ကိုအရမ်းချစ်တဲ့ သတို့သားလောင်း စူးယိကိုပါ ပိုင်ဆိုင်ထားတာမို့ ဘဝက အရာရာပြည့်စုံနေတယ်လို့ ပြောလို့ရပါတယ် တစ်နေ့မှာ အစ်မဖြစ်သူ မုယွဲ့ဖူတစ်ယောက် လျန်ယွင်ကဲရှေ့မှောက်မှာတင် တိုက်ပေါ်က တွန်းချခံရပြီး သေဆုံးသွားခဲ့ပါတယ် ဒါ့ကြောင့်အစ်မဖြစ်သူ လုပ်ကြံခံရတဲ့အဖြစ်အပျက်ကို သိလိုတာမို့ လျန်ယွင်ကဲဟာ သူ့ကိုယ်သူမုယွဲ့ဖူအဖြစ် ဆာဂျရီလုပ်ပြောင်းလဲလိုက်ပြီး မုယွဲ့ဖူကို ပြန်မွေးဖွားစေခဲ့ပါတယ် မုယွဲ့ဖူတစ်ဖြစ်လဲ လျန်ယွင်ကဲတစ်ယောက် အစ်မဖြစ်သူအတွက် လက်စားချေပေးနိုင်ပါ့မလား?? စူးယိကရော မင်္ဂလာဆောင်ခါနီးမှ ပျောက်ဆုံးသွားတဲ့ ဇနီးလောင်းရဲ့ လျို့ဝှက်ချက်ကို ရှာတွေ့သွားနိုင်မလား??ဆိုတာကိုတော့ မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “ပျောက်ဆုံးသွားသော သတို့သမီး”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဝင်ရောက်ကြည့်ရှု ခံစားလိုက်ရအောင်နော် Read More
Series အမုန်း၌ဖြစ်တည်သော အချစ် April 24, 2025May 20, 2025 “သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်”တဲ့ ကိုယ်အချစ်ရဆုံးလူရဲ့ပါးစပ်ဖျားက ထွက်လာတဲ့စကား… ရည်ရွယ်သူကတော့ ကိုယ်မဟုတ်ခဲ့ဘူး ကံကြမ္မာက ဖေးမလို့ ငယ်ဘဝရဲ့အချစ်ဦးနဲ့ အကြောင်းတိုက်ဆိုင်စွာပြန်ဆုံခဲ့ရပေမယ့် ကံကြမ္မာရဲ့ရက်စက်မှုအောက်မှာပဲ အကြောင်းကြောင်းနဲ့ လွဲချော်ခဲ့ရပြန်တယ် ချစ်ရသူက ကိုယ့်ညီမရဲ့ ခင်ပွန်းလောင်းဖြစ်နေလို့ ခံစားချက်ကိုမြိုသိပ်ပြီး အသဲကွဲခံတော့မယ့် လင်းရှောင်ထုန် ကိုယ့်ချစ်သူကို သေစေခဲ့တဲ့သူ မချစ်ထိုက်တဲ့သူမှန်းသိရဲ့သားနဲ့ နှလုံးသားက ဟန်မဆောင်နိုင်အောင် ချစ်မိသွားလို့ အချစ်နဲ့အမုန်းကြား ဝေခွဲမရဖြစ်နေတဲ့ ဖုကျင်ရွှမ်း သူတို့နှစ်ဦးရဲ့ အမုန်းမြစ်ဖျားကစတင်ခဲ့တဲ့ အချစ်ရေစီးဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို မင်မင်တို့ Yoyar Family က တင်ဆက်တဲ့ “အမုန်း၌ဖြစ်တည်သောအချစ်” ဇာတ်လမ်းတွဲလေးထဲမှာ ဝင်ရောက်ခံစားကြည့်ရှုလိုက်ရအောင် Read More
Series အမှန်တရားရဲ့နောက်ကွယ် May 20, 2025 အမှန်တရားရဲ့နောက်ကွယ် သို့မဟုတ် ဖုံးကွယ်ထားသော အမှန်တရား စူးရှဟာ မွေးကတည်းက အကြားအာရုံချိုတဲ့သူလေးဖြစ်ပြီး မိဘမဲ့ဂေဟာတွင် ခင်မင်ခဲ့သူ စူးရှိရှိနဲ့အတူ အိမ်တစ်ခုတွင်အတူနေကာ ဘဝကို ရုန်းကန်နေရရှာသူဖြစ်ပါတယ် တစ်နေ့မှာ ကုမ္ပဏီရဲ့အထက်လူကြီး ကုမင်ဇယ်နဲ့ အရက်မူးပြီးအတူအိပ်မိသွားခဲ့ပါတယ် ကုမင်ဇယ်ဟာ အထက်လူကြီးကို မြှူဆွယ်တာတွေမုန်းတဲ့သူဖြစ်တာမို အလုပ်ထုတ်ခံရမှာစိုးတာနဲ့ စူးရှတစ်ယောက် အမှန်တရားကို မြိုသိပ်ထားခဲ့လိုက်ပါတယ် ထိုသိုမြိုသိပ်ထားရင်းမှ ကုမင်ဇယ်ကို ချစ်ကျွမ်းဝင်လာမိချိန် ကုမင်ဇယ်ဟာ သူငယ်ချင်းဖြစ်သူစူးရှိရှိရဲ့ချစ်သူဖြစ်နေမှန်း သိလိုက်ရတဲ့အခါ… စူးရှတစ်ယောက် စည်းကို မကျော်မိဖို ဘယ်လိုကြိုးစားမလဲ? ဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုကို ကုမင်ဇယ်ကရော သိလာနိုင်ပါ့မလား? အချိန်တန်ရင် ပေါ်လာမယ့်အမှန်တရားကို အသဲတယားယားစောင့်ကြည့်ချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family က တင်ဆက်ပေးလိုက်တဲ့ “ဖုံးကွယ်ထားသောအမှန်တရား” ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကြည့်ရှုခံစားလိုက်ရအောင် Read More