မေတ္တာနှောင်ကြိုး wai yan, April 30, 2025May 23, 2025 ထန်ရှောင်ယွဲ့ဟာ လောင်းကစားသမားယောက်ျား ကလေး၃ယောက်နဲ့အတူ ဘဝကို ပင်ပင်ပန်းပန်းရုန်းကန်နေရတဲ့ မိန်းကလေးတစ်ယောက်ပါ ဖခင်ရဲ့အလိုကျ အချစ်ဦးကို စွန့်လွှတ်ပြီး ဖခင်ပေးစားတဲ့သူနဲ့ ယူခဲ့ပေမယ့် အိမ်ထောင်ရေးကံလည်း မကောင်းခဲ့ရှာပါဘူး ခင်ပွန်းဖြစ်သူဟာ ပိုက်ဆံအတွက် သားအရင်းကိုတောင် ပြန်ရောင်းစားဖို့ ကြံစည်ခဲ့တာမို့ သားသမီးဇောနဲ့ တားဆီးရင်း ထန်ရှောင်ယွဲ့တစ်ယောက် လမ်းမပေါ် လဲကျthayဆုံးသွားခဲ့ရပါတယ် ဒီလိုနဲ့ပဲ မျက်စိတစ်မှိတ်အတွင်း အချိန်ကာလနှစ်နှစ်ဆယ်ကို ခုန်ကျော်ပြီး သားသမီးတွေအရွယ်ရောက်ချိန်ကာလကို ကူးပြောင်းလာတဲ့အခါ… လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သေဆုံးသွားတဲ့မိခင်ကို ငယ်ရွယ်နုပျိုနေသေးတဲ့ပုံစံနဲ့ တွေ့လိုက်ရတဲ့အခါ သားသမီးတွေက လက်ခံနိုင်ပါ့မလား? ဖြည်ရခက်တဲ့မေတ္တာကြိုးမျှင်တွေက ရှောင်ယွဲ့ကို ဘယ်လိုများ ဆွဲချည်ထားကြဦးမှာလဲ? အချစ်နဲ့အိမ်ထောင်ရေးအရှုပ်အထွေးတွေကြား ရုန်းကန်နေရတဲ့ ထန်ရှောင်ယွဲ့ရဲ့ ဘဝအလှည့်အပြောင်းတွေနဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားတွေကို ကြည့်ရှုခံစားနိုင်ဖို့အတွက် မင်မင်တို့ရဲ့ “မေတ္တာနှောင်ကြိုး”ဇာတ်လမ်းတွဲကို ရွေးချယ်လိုက်တော့နော် Series Trending
Series အိပ်မက်ဆိုးမှ လွတ်မြောက်ချိန် June 12, 2025 မုန့်ရှင်းယွဲဆိုတဲ့မိန်းကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အမွှာကလေး၄ယောက်မိခင်ဖြစ်နေသူပါ ချန်အုပ်စုရဲ့ဥက္ကဌ ချန်ပေချန်းရဲ့ မတရားအနိုင်ကျင့်ခြင်း ခံခဲ့ရတဲ့အပြင် တာဝန်မဲ့တဲ့လုပ်ရပ်ကြောင့် အမွှာကလေး ၄ယောက်ကို ကိုယ်တိုင်မွေးခဲ့ရပါတယ် ဒါတင်မကသေးဘူး ချန်ပေချန်းရဲ့ခိုင်းစေမှုဟုဆိုကာ အမည်မသိလူတစ်ဦးမှ မိမိ၏သားကြီးကို လုယူခံခဲ့ရပါတယ် ခင်ပွန်းမရှိဘဲ ကိုယ်ဝန်လွယ်ခဲ့ရ၍ ဖခင်ဖြစ်သူမှ စွန့်ပစ်ခြင်း ခံခဲ့ရတဲ့အပြင် သားကြီးကိုပါ လုယူခံလိုက်ရတဲ့အဖြစ်ဟာ မုန့်ရှင်းယွဲအတွက် ၅နှစ်အတွင်းဘယ်လိုမှမမေ့ဖျောက်နိုင်တဲ့အိပ်မက်ဆိုးကြီးဖြစ်နေခဲ့ပါတယ် မုန့်ရှင်းယွဲအနေနဲ့ဒီအိပ်မက်ဆိုး အဆုံးသတ်နိုင်ဖို သားကြီးကို ဖခင်ဖြစ်သူထံမှ ပြန်ရယူနိုင်ရန် အစွမ်းကုန်အားတင်းပြီး ယွင်ချန်မြိုကို ပြန်လာခဲ့ပါတယ် မုန့်ရှင်းယွဲ ယွင်ချန်ပြန်ရောက်ချိန် အခြေအနေတွေက ဘယ်လိုပြောင်းလဲနေမလဲ?? ကိုယ်စီသိထားတဲ့အမှန်တရားတွေက တကယ်တမ်းမှာ တတိယလူရဲ့ကစားကွက်တွေသာ ဖြစ်နေခဲ့သောအခါ… ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ မင်မင်တို Yoyar Family က တင်ဆက်ပေးလိုက်တဲ့ “အိပ်မက်ဆိုးမှ လွန်မြောက်ချိန်”… Read More
Series မရှိထိုက်တဲ့သားမိုက် April 9, 2025May 24, 2025 “ကျွန်ယုံရင်တစ်ဖက်ကန်း၊ သားသမီးယုံရင် စုံလုံးကန်း” ဆိုတဲ့စကားပုံဟာ ကျေးတောရွာက သားတစ်ယောက်အမေမုဆိုးမ လျိုကွေ့ဟွားအတွက် ဖြစ်နေခဲ့ပါတယ် နာမည်ကသာ လှပတဲ့ကွေ့ဟွားပန်း(ပင်လုံးက်ြိုင်ပန်းလေး)ဖြစ်နေပေမယ့် လျိုကွေ့ဟွားရဲ့ ဘဝကတော့ မလှပခဲ့ပါဘူး သားဖြစ်သူ လျိုတုံးယန်ကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ရင်း သားဖြစ်သူပညာသင်စရိတ်အတွက် ကေ ျာက်ကပ်ထုတ်ရောင်းလိုက်၊ မျက်ကြည်လွှာရောင်းလိုက်၊ သွေ းလှူလိုက်လုပ်ရင်း သားဖြစ်သူကို ပညာသင်ပေးခဲ့ပါတယ် ဒါပေမယ့် သားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာတော့ မိခင်ဖြစ်သူကို ပြန်မပြုစုတဲ့အပြင် မိခင်အဖြစ်ပါအသိအမှတ်မပြုခဲ့ပါဘူး တစ်ဖက်မှာလည်း တိကျင်းအုပ်စုဥက္ကဌ လျိုရှန့်နန်ဟာ မွေးစားအမေဖြစ်သူ လျိုကွေ့ဟွားကို ရှာဖွေဖို့ ကျန်းချန်မြို့ကိုရောက်လာခဲ့ပါတယ် လမ်းပေါ်အမှတ်မထင်ကယ်တင်ခြင်းခံခဲ့ရတာမို့ သူတို့နှစ်ဦးကြားက အဆက်အသွယ်အဖြစ် ကျောက်စိမ်းပြားလေးသာ ရှိခဲ့ပါတယ် သားဖြစ်သူရဲ့အသိအမှတ်မပြုခံရတဲ့လျိုကွေ့ဟွားတစ်ယောက် ချွေးမလုပ်သူရဲ့ ဘယ်လိုအငြိုးထားနှိ.ပ်စက်ခြင်းခံရမလဲ?? မိခင်နဲ့ စည်းစိမ်ကြား ဝေခွဲမရဖြစ်နေတဲ့ မရှိထိုက်တဲ့သားမိုက် လျိုတုံးယန်ကရော အဆုံးထိ… Read More